ရန်ကုန်၊ ဇွန် ၁၉
ကချင်ပြည်နယ်၊ ဖားကန့်တွင် ဇွန်လ ၁၉ ရက်နေ့ ကျရောက်သည့် ဒေါ်အောင် ဆန်းစုကြည်၏ ၇၇ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် ဆုတောင်းပွဲ ပြုလုပ်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ယနေ့ ချီတက်ကြသည်။
သပိတ်မှောက်ပြည်သူများက KIA PDF NUG ထောက်ခံပွဲနှင့် စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေး သပိတ်ပြုလုပ်ခဲ့ကြသည်။ဖားကန့်ပြည်သူများက ဒေါ်အောင်ဆန်းဆု ကြည် ကျန်းမာပါစေ ၊သက်တော်ရာကျော်ရှည်ပါစေ၊ အမေစု အမြန် လွတ်မြောက်ပါစေ ဟု ဆုတောင်းပေးခဲ့ကြပြီး KIA PDF တိုက်ပွဲ တိုင်းမှာ နိုင်ပါစေ ၊ NUG အစိုးရ ဒို့အစိုးရ ၊ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ် ၊ အကြမ်းဖက် စစ်တပ်လုံးဝ အုပ်ချုပ်ခွင့်မရစေရ၊ ဖက်ဒရယ် ပြည်ထောင်စုနှင့် ဖက်ဒရယ်တပ်မတော်ပေါ်ပေါက်ရေး ဒို့အရေး ၊ အင်တာနက်ဖြတ်တဲ့ မင်းအောင်လိုင်အဖွဲ့ အသေ ဆိုးနဲ့သေပါစေ၊ တော်လှန်ရေး အမြန်အောင်ဖို့ ပြည်သူအားလုံးပါဝင်စို့ ၊နွေဦးတော်လှန်ရေး အရေးတော်ပုံ အောင်ကို အောင်နေပြီ ဟု ချီတက် သပိတ်မှောက်ကြကြောင်း သိရှိရသည်။