စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ကျောက်ရစ် အထိုင် ရဲစခန်းမှ ထွက်ပြေးလာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦးကို အရှင် ဖမ်းဆီးနိုင်ခဲ့ကြောင်း ကျေးရွာတပ်ပေါင်းစု အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၅ ရက်နေ့တွင် မြောင်မြို့နယ်၊ ကျောက်ရစ် အထိုင် ရဲစခန်းမှ စစ်ကောင်စီ တပ်သား သန်းထိုက်ကို ကျေးရွာတပ်ပေါင်းစု(Myaung) မှ တော်လှန်ရေး ရဲဘော်များက အရှင်ဖမ်းဆီး နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်ကောင်စီ တပ်သား သန်းထိုက်သည် ကျောက်ရစ် ရဲစခန်းအတွင်း ကြီးနိုင်ငယ်ညှင်း နှိပ်စက်မှု ဒဏ်များကို မခံနိုင်သည့် အတွက် ထွက်ပြေးလာခြင်းဖြစ်ကြောင်း သိရှိရသည်။
“သေနတ်တော့ မပါလာဘူး။ သူက စစ်ခွေးစခန်းမှာ နှိပ်စက်ခံရပြီး မွန်းကြပ်လို့ ထွက်ပြေးလာတာ ကျနော်တို့ ရဲဘော်တွေ ကင်းပတ်ချိန်နဲ့တွေ့လို့ ဖမ်းခေါ်လာတာ အခုတော့ လုံခြုံတဲ့ တစ်နေရာမှာ စစ်ဆေးမှုတွေ လုပ်နေပါတယ်”ဟု ကျေးရွာ တပ်ပေါင်းစု အဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ယင်း ဖမ်းဆီးရမိသော ရဲဘော် သန်းထိုက်ကို တော်လှန်ရေး ရဲဘော်များက ဆက်လက် ထိန်းသိမ်းထားပြီး စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။
