မကွေးတိုင်း၊ ငဖဲမြို့နယ် ၊ နောင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီမှ ဒရုန်းဖြင့် ဗုံးကျဲ တိုက် ခိုက်ခဲ့ရာ အသက် ၈၈ နှစ်အရွယ် အဘွားအို ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိကြောင်း ချင်း ကာကွယ်ရေးတပ် – အရှို မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြားသည်။
ယမန်နေ့ ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၁၁ နာရီအချိန် ငဖဲမြို့နယ်၊ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေး တပ်စခန်း ဗျူဟာကုန်းမှ အောက်ဖက် မီတာ ၃၀၀၀ ခန့်အကွာရှိ နောင်ကျေးရွာပေါ်သို့ ဒရုန်းဖြင့် ဗုံး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါဗုံးမှာ နေအိမ် ၁ လုံးပေါ်သို့ တည့်တည့်ကျရောက်ပေါက်ကွဲပြီး အသက် ၈၈ နှစ်အရွယ် အဘွားအို ၁ ဦးသေဆုံးကာ အသက် ၂၀ အရွယ် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ ကြောင်း၊ ထို့အပြင် ဗုံးတည့် တည့်ကျရောက်ပေါက်ကွဲသည့် နေအိမ် ၁ လုံးဝပျက်စီးခဲ့ပြီး အနီး အနားရှိ နေအိမ်အချို့လည်း ဗုံးစထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
“ဗုံးက ၂ လုံးချသွားတာပါ၊ တစ်လုံးက ရွာပြင်မှာ ကျတယ်၊ ၁ လုံးက နေအိမ်တစ်လုံးပေါ် တည့် တည့်ကျပြီး အိမ်ပျက်စီးတယ်၊ အနီးအနားမှာရှိတဲ့ နေအိမ်အချို့ အစထိမှန်ပျက်စီးတာရှိတယ်။ သေ ဆုံးသွားသူရဲ့ မိသားစုနဲ့ ဒဏ်ရာရတဲ့သူတွေကို တတ်နိုင်သလောက် ကူညီပေးထားပါတယ်၊ တိုက်ပွဲ မဖြစ်ပဲနဲ့ ဗုံးချသွားတာပါ” ဟု ချင်းကာကွယ်ရေးတပ် – အရှို မှ သတင်းနှင့်ပြန် ကြားရေးတာဝန်ရှိသူ က ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြား သည်။
ချင်းကာကွယ်ရေးတပ် – အရှိုအနေဖြင့် အသက်ဆုံးရှုံးသွားခဲ့ရသော ပြည်သူလူထု၏ မိသားစု၊ ဆွေမျိုးများနှင့် ထပ်တူဝမ်းနည်း ရပါကြောင်း၊ နိုင်ငံအနှံ နေ့စဉ်ရက်ဆက် ကျူး လွန်နေသော စစ် ကောင်စီ၏ စစ်ရာဇဝတ်မှုနှင့် အပြစ်မဲ့ အရပ်သား ပြည်သူများကို သတ် ဖြတ်ကာ လူသားမျိုးနွယ် အပေါ် ပြစ်မှုကျူးလွန်နေသော လုပ်ရပ်များ ကို ပြင်းထန်စွာရှုတ်ချကြောင်း ထုတ်ပြန်ထားသည်။
“နတ်ရေကန်အနီးတဝိုက်မှာ တိုက်ပွဲက လပေါင်းများစွာ ကြာလာတဲ့အခါမှာ အခုလိုမျိုးပဲ လေကြောင်းကနေ တိုက်ခိုက်မှုတွေရှိတတ်တယ်။ အမြဲတမ်း၊ လေယာဉ်ပျံသန်းမှုတွေ၊ လက်နက်ကြီး ပစ်ခတ်မှုတွေ ရှိတယ်။ ဒါပေမယ့် လူကို ထိခိုက်မှုမရှိတဲ့အတွက်ကြောင့် တခါတလေမှာ ကျနော်တို့ ပြည်သူတွေအနေနဲ့ ပေါ့ဆတာတွေရှိတတ်တယ်။ အမှုမဲ့အမှတ်မဲ့ဖြစ်တာမျိုးတွေရှိတတ်တယ်၊ ဒီလို မျိုး အပိုင်းတွေမှာတော့ ရှေ့လျှောက် စစ်ရေးသတိရှိစွာနဲ့ အထူးသတိပြုပြောကြားလိုတာက လေ ယာဉ်သံကြားတာနဲ့၊ ဒရုန်းသံကြားတဲ့အခါမျိုးတွေမှာဆိုရင် အထူးသတိပြုနေထိုင်ကြဖို့ မေတ္တာရပ်ခံ ပြုတိုက်တွန်းချင်ပါတယ်” ဟု ချင်းကာ ကွယ်ရေးတပ် – အရှို မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ က ရှင်းလင်းပြောဆိုသည်။


