26.3 C
Yangon

Khit Thit သတင်းဌာန၏ ဇူလိုင် ၁၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇူလိုင် ၁၉ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

အကြမ်းဖက် မင်းအောင်လှိုင်တက်မယ့် ၇၈ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား စည်ကားရေး အတွက်ဆိုပြီး ရန်ကုန်မြို့က မြို့နယ်တစ်ခုကို လူဦးရေ ၁၀၀ နှုန်းနဲ့ အာဇာနည်ကုန်း ကို လာရောက် အလေးပြုဖို့ စစ်ကောင်စီက ဆင့်ခေါ်တာတွေ လုပ်ခဲ့ပြန်တယ်လို့ ဆင့်ခေါ်ခံရတဲ့ မရမ်းကုန်းမြို့နယ် ပရဟိတ အဖွဲ့ဝင် ၁ ဦးက ပြောပါတယ်။

-ရန်ကုန်မြို့မှာ အာဇာနည်နေ့အခမ်းအနားတက်ဖို့ အကြမ်းဖက် မင်းအောင်လှိုင်ရောက်နေတဲ့အချိန် မင်္ဂလာဒုံ လေကြောင်းအတတ်သင်ကျောင်းကို ရန်ကုန်မြို့ပြတော်လှန်ရေးရဲဘော်တွေက ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်တပ်က လုံခြုံရေး အလွန်တိုးမြှင့်ထားတယ်လို့ Yangon Army တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ကြားက ၇၈ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် နဲ့အတူ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုသပိတ် ချီတက်ခဲ့ကြတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်း တွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article