Popa Guerilla Force(PGF)တပ်ဖွဲ့က ၇၈ နှစ်မြောက် အာဇာနည်နေ့ကို အောက်မေ့သတိရလျက် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့်တကွ နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့ရသော
အာဇာနည်ရဲဘော်အပေါင်းနှင့် တောင်တောကျေးရွာ တိုက်ပွဲတွင် မြင့်မြတ်စွာအသက်ပေးလှူသွားသော
ရဲဘော်ဘဦး၊ရဲဘော်ရဲခေါင်၊ရဲဘော်နဂါးတို့ကို လွမ်းသူ့ပန်းခွေချ၊သေနတ်ပစ်ဖောက်၍ ဂုဏ်ပြုအလေးပြုအခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

