ဒီကနေ့ ဇူလိုင် ၂၂ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNLA က သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့ကို အောင်ဇေယျစစ်ဆင်ရေးနဲ့ ပြန်လည်သိမ်းယူပြီး အားသာချက်နှင့်အားနည်းချက်တွေကို သုံးသပ်ကာ နယ်မြေစိုးမိုးရေး အရှိန်အဟုန်နဲ့ ဆက်လက် ဆောင်ရွက်မယ်လို့ အကြမ်းဖက် ဒုစစ်ခေါင်း ဆောင် စိုးဝင်းက ကြုံးဝါးပြောဆိုပါတယ်။
အင်းစိန်အကျဉ်းထောင်မှာ အကြမ်းဖက် စစ်တပ် ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ ဒဏ်ရာတွေကြောင့်ဆေးကုသခွင့်မရရှိဘဲ ကွယ်လွန်ခဲ့ရသူ နိုင်ငံရေးအကျဉ်းသူ မဝတ်ရည်အောင်ကို ဒီနေ့ မနက်ပိုင်း သဂြိုလ်မယ်လိုသိရပါတယ်။
-တနင်္သာရီတိုင်း၊ လောင်းလုံးမြိုနယ် အတွင်းမှာရှိတဲ့ လက်ခတ်တောင် တာဝါတိုင်စခန်း၊ စစ်တပ် စစ်ကြောင်းနှင့် စစ်ရေယာဉ်တွေကို တိုက်ခိုက်ခဲ့တာမှာ စစ်ကောင်စီ တပ်သား ၆ ဦး သေဆုံးခဲ့တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
