ဒီကနေ့ ဇူလိုင် ၂၆ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-ထိုင်းနဲ့ ကမ္ဘောဒီးယားစစ်ပွဲကြောင့် ထိုင်းမျိုးချစ်အဖွဲ့က ဘန်ကောက်မြို့မှာကမ္ဘောဒီးယားအလုပ် သမားတွေကို ရှာဖွေတိုက်ခိုက်နေရာ မြန်မာအလုပ်သမားတချို့ပါ စစ်ဆေး ထိုးကြိတ်ခံနေရတယ်လို့ ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားတချို့က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံနှစ်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံအကြား စစ်ရေးအခြေအနေ တင်းမာမှုတွေကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းတယ်လို့ ထုတ်ပြန်လိုက်ပါတယ်။
-ပဲခူးတိုင်း၊ ရွှေကျင်တိုက်ပွဲမှာ သေဆုံးခဲ့တဲ့ ခမရ ၅၉၈ က ဗိုလ်ကြီး ရှိုင်းပြည့်အောင်နဲ့ ပတ်သက်ဆက်စပ်တဲ့ အသက်အာမခံ၊ အကျိုးခံစားခွင့်နဲ့ ပင်စင်လစာအားလုံး မိခင်ဖြစ်သူက လုံး၀ မရရှိဘူးလို့ မိခင် ဒေါ်ဝင်းသီတာစိုးကရန်ကုန်ခေတ်သစ်ကို ပြောပြထားတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
