26.2 C
Yangon

နွားထိုးကြီးမြို့နယ်၊ မျက်ရှုရွာတွင် စစ်ဘေးရှောင် ပြည်သူများ နေထိုင်သော ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကလေးငယ် ၄ ဦးအပါအဝင် ပြည်သူ ၆ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇူလိုင် ၂၆

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ မျက်ရှုရွာတွင် စစ်ဘေးရှောင် ပြည်သူများ နေထိုင်သော ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ကလေးငယ် ၄ ဦးအပါအဝင် ပြည်သူ ၆ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၂၆ ရက်နေ့တွင် တံတားဦးမြို့နယ် အတွင်းမှ နွားထိုးကြီးမြို့နယ် အတွင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်သားများက စစ်ဘေးရှောင်ပြည်သူများ နေထိုင်သည့် မျက်ရှုရွာ ဘုန်းကြီးကျောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ကလေးငယ် ၄ ဦး အပါအဝင် ပြည်သူ ၆ ဦး သေဆုံးခဲ့ပြီး ပြည်သူ ၆ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“ဒီနေ့ နွားထိုးကြီးမြို့နယ်၊ မျက်ရှုရွာမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်သားတွေက စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်တဲ့ ဘုန်းကြီးကျောင်းကို ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်တာ ပြည်သူ ၆ ဦးသေဆုံးတယ်။ အသက်မပြည့်တဲ့ ကလေး ၄ ဦးနဲ့ အမျိုးသမီး ၂ ဦး သေဆုံးတယ်။ ဒဏ်ရာရတာက ၆ ဦးရှိတယ်။ တံတားဦးမြို့နယ်က ထိုးလာတဲ့ စစ်ကြောင်းက တိုက်ခိုက်သွားတာပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article