ဒီကနေ့ ဇူလိုင် ၂၇ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
မြန်မာနိုင်ငံသား လူငယ်မှန်သမျှ ၂ နှစ် အလှည့်ကျ မဖြစ်မနေ စစ်မှုထမ်းရမယ့် အမြဲတမ်း ကာကွယ်ရေး စနစ်ကို အကြမ်းဖက် စစ်ကောင်စီက သတ်မှတ်တော့မယ်လို့ နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ်ကို ပြောပါတယ်။
-မန္တလေးအိုးဘိုအကျဉ်းထောင်မှာ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ဆရာတော် ဦးပသံသိယ ဟာ ဆေးကုသမှု လုံလောက်စွာ မရဘဲ ကင်ဆာရောဂါနဲ့ ပျံလွန်တော်မူသွားရတယ်လို့ မန္တလေး သံဃသမဂ္ဂ ဆရာတော် ဓမ္မမေတ္တာက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
TNLA သိမ်းပိုက်ထားတဲ့ ကျောက်မဲမြို့က အရပ်သားပြည်သူတွေနေထိုင်ရာ နောင်ပိန်ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေကြောင့် ပြည်သူတွေစစ်ဘေးရှောင်နေရတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
