ဒီကနေ့ ဇူလိုင် ၂၇ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အကြမ်းဖက် မင်းအောင်လှိုင်မိသားစုက ပြင်ဦးလွင်မှာ တော် တော်ကို ကြီးမား ခမ်းနားတဲ့ စံအိမ်ကြီးတစ်လုံး ဆောက်လုပ်ထားပြီး မကြာခဏ ဆိုသလို လာရောက် အပန်း ဖြေပြီး လုံခြုံရေး အကြောင်းပြကာ ပြင်ဦးလွင် မြို့ပေါ်က ပြည်သူတွေနေအိမ်နှင့်ခြံကွက်တွေကို အတင်းအဓမ္မ သိမ်းယူတာတွေမှာ စစ်ခေါင်းဆောင်ရဲ့ တိုက်ရိုက် အမိန့်ပါဝင်တယ်လို့ ပြင်ဦးလွင်အခြေစိုက် တပ်နှင့် ထွေ/အုပ် သတင်းရင်းမြစ်တွေက ပြောပါတယ်။
-မကွေးတိုင်း၊ ရေစကြိုမြို့အခြေစိုက် ခလရ ၂၅၆ တပ်ရင်းအတွင်းကနေ ပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ ဟောင်ဝှစ်ဇာလက်နက်ကြီး ပြောင်းကွဲပြီး စစ်သား ၄ ဦးသေဆုံးခဲ့တယ်လို့ ရေစကြို မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ရေစကြို ပကဖရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါ တယ်။
မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်မှာရှိတဲ့ ရွှေနန်းသုခရွှေ ဒုန်းဒုန်းလေးရွှေဆိုင် ဓားပြတိုက်ခံရမှုမှာ အခုထိ တရားခံမမိသေးတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
