27.1 C
Yangon

မြေရှားသတ္တုရရှိရေး KIA နှင့် တိုက်ရိုက် အလုပ်လုပ်ရန် အပါအဝင် အဆိုပြုတင်ပြချက်များကို အမေရိကန်အစိုးရက ကြားနာ

Must read

ရန်ကုန်၊ ဇူလိုင် ၂၉

မြန်မာနိုင်ငံမှ ထွက်ရှိနေသော မြေရှားသတ္တုရရှိရေး အမေရိကန်အစိုးရအနေဖြင့် KIA နှင့် တိုက်ရိုက် အလုပ်လုပ်ရန် အပါအဝင် အဆိုပြု တင်ပြချက်များကို အမေရိကန်အစိုးရက ကြားနာခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်အရ သိရှိရသည်။

တရုတ်နိုင်ငံမှ မြေရှားသတ္တုအပေါ် မှီခိုနေရမှုကို ဦးတည်ချက်ပြောင်းလဲရန် မြန်မာနိုင်ငံမှ မြေရှားသတ္တုရရှိရေး အဆိုပြု တင်ပြချက်များကို အမေရိကန်အစိုးရက ကြားနာလာခြင်းဖြစ်ကြောင်း ၊ အဆိုပါ အဆိုပြုချက်များတွင် မတူကွဲပြားမှုများရှိနေပြီး အမေရိကန်၏ ကာလရှည်ကြာစွာ မြန်မာအပေါ် ထားရှိနေသော ပေါ်လစီကိုလည်း အပြောင်းအလဲ ဖြစ်ပေါ်နိုင်သော အဆိုပြုချက်များ ပါဝင်ကြောင်း သိရှိရသည်။

ကွဲပြားခြားနားသော အဆိုပြုချက်များအနက် တစ်ခုမှာ မြန်မာအကြမ်းဖက်စစ်တပ်ကို KIA နှင့် ငြိမ်းချမ်းရေး ရယူရေး ညှိနှိုင်းဆွေးရန် အဆိုပြုချက် ပါဝင်သကဲ့သို့ အမေရိကန်က KIA နှင့်တိုက်ရိုက် အလုပ်လုပ်ရန် ဟူသော အဆိုပြုချက်တစ်ခုလည်း ပါဝင်ကြောင်း၊ မြန်မာ့ဒီမိုကရေစီ အစိုးရလက်ထဲမှ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းထားသော မြန်မာစစ်ကောင်စီခေါင်းဆောင်များနှင့် အမေရိကန်က တိုက်ရိုက်စကားပြောရန်ရှောင်ကြည်ထားကြောင်း သိရှိရသည်။

အမေရိကန်ကို အဆိုပါ အဆိုပြုတင်ပြချက်များ တင်ပြသူမှာ အမေရိကန် စီးပွားရေးလော်ဘီသမားတဦးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ အကြံပေးဟောင်းတစ်ဦးလည်းဖြစ်ကြောင်း၊ KIA အပါအဝင် ပြင်ပ ကျွမ်းကျင်သူများနှင့်လည်း တိုက်ရိုက် ဆွေးနွေးနိုင်သည့် လမ်းကြောင်းရှိသူ ဖြစ်ကြောင်း သိရှိရသည်။

မည်သည့် အဆိုပြုချက်ကိုမှ မဆုံးဖြတ်ရသေးဘဲ အကယ်၍ အဆိုပြုချက်များကို အမှန်တကယ် လုပ်ဆောင်မည်ဆိုပါကလည်း သယ်ယူပို့ဆောင်ရေးဆိုင်ရာ ကြီးမားသော အတားအဆီးအခက်အခဲများ ရှိနေကြောင်း၊ အမေရိကန်အနေဖြင့် မြန်မာနိုင်ငံမှ မြေရှားသတ္တုအများစုကို ထိန်းချုပ်ထားသည့် တိုင်းရင်းသား တော်လှန်ရေးတပ်များနှင့် သဘောတူညီမှု ရရှိရန် အမေရိကန်က လိုအပ်မည်ဖြစ်ကြောင်း သိရှိရသည်။

အကယ်၍ စစ်ကောင်စီနှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံခဲ့ပါက အမရိကန်အနေဖြင့် စစ်ခေါင်းဆောင်များအပေါ် ပိတ်ဆို့အရေးယူမှုများ၊ လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုဟု ခေါ်ဝေါ်သော ရိုဟင်ဂျာလူနည်းစုများအပေါ် ကျူးလွန်ခဲ့သော ပြစ်မှုများအတွက် စစ်ကောင်စီကို အရေးယူထားများမှ အမေရိကန်က ပြတ်ပြတ်သားသား စွန့်ခွာသွားရလိမ့်မည်ဖြစ်ကြောင်း သိရှိရသည်။

မကြာသေးမီကလည်း အမေရိကန်က စစ်ကောင်စီနှင့် တိုက်ရိုက် ဆက်နွယ်နေသော မြန်မာခရိုနီနှင့် လက်နက်ပွဲစား ၄ ဦးကို စီးပွားရေးပိတ်ဆို့ထားမှုမှ ဖယ်ရှားပေးခဲ့သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article