24.9 C
Yangon

ပေါက်၊ မြိုင်နှင့် ဆိပ်ဖြူ တို့တွင် စစ်တပ်က စစ်ကြောင်းထိုးပြီး လေယာဉ်ဖြင့် နေ့စဉ် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁၁ ဦးသေဆုံးကာ ကျေးရွာ ၂၀ ကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးနေရ

Must read

ရန်ကုန်၊ ဩဂုတ် ၁၉

မကွေးတိုင်း၊ ပေါက်မြို့နယ် ၊ မြိုင်မြို့နယ် နှင့် ဆိပ်ဖြူမြို့နယ် တို့တွင် အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးပြီး လေယာဉ်ဖြင့် နေ့စဉ် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁၀ ဦးသေဆုံးကာ ကျေးရွာ ၂၀ ကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၁၈ ရက်နေ့ ည ၇ နာရီ ခန့်တွင် ပေါက်မြို့နယ်ရှိ ပန်းတောကန်ရွာ၊ ချက်ကန်ရွာနှင့် တည်ပင်ကန်ရွာများကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဥ်ဖြင့် ဗုံး ၆ လုံး ထက်မနည်းကျဲချ တိုက်ခိုက်ခဲ့သောကြောင့် ပန်းတောကန်ရွာမှ အမျိုးသမီး ၁ ဦး သေဆုံးကာ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ကျူတောရွာ၊ ကြအို့ရွာ၊ ပေခုနှစ်ပင်ရွာ၊ ခင်ရှည်ရွာ၊ ပန်းတောကန်ရွာ၊ တည်ပင်ကန်ရွာ၊ မှန်ထောင်ကွင်းရွာ၊ ဖိုးဖြူလုံးကန်ရွာ၊ သမားတော်ရွာ၊ ယင်းမာကုန်းရွာ၊ ရေပြာရွာနှင့် ဘုရားတောင်ရွာမှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

အလားတူ ယနေ့ ဩဂုတ်လ ၁၉ ရက်နေ့တွင်လည်း ဆိပ်ဖြူမြို့နယ်ရှိ ရှလရွာနှင့် ကျွန်းတောရွာ အပါအဝင် ကျေးရွာ ၇ ရွာကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁၀ ဦးသေဆုံးပြီး ပြည်သူ ၁၁ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်များလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဆိပ်ဖြူမြို့နယ် အတွင်း အကြမ်းဖက် စစ်တပ်က ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက် စီးနင်းနေခြင်းကြောင့် ပိုင်းရွာ၊ ဝန်ကြီးရွာ၊ ရှားလှရွာ၊ ကျွန်းတာရွာ၊ အိုင်ကြီးရွာ၊ ကျွန်းချောင်းရွာ၊ ဖလံမရွာ၊ ကန်စွန်းမရွာ ၊ သုံးလံပြည့်ရွာ မှ ပြည်သူများသည် ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

မြိုင်မြို့နယ်တွင်လည်း ထန်းရင်းကုန်းရွာကိုလည်း ဩဂုတ်လ ၁၈ ရက်နေ့ ည ၇ နာရီခန့်က ပခုက္ကူမြို့ တပ်မ ၁၀၁ မှ တက်လာသော စက်တပ်လေထီး ၂ စီးက ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ပေါက်နဲ့ ဆိပ်ဖြူကတော့ အဆိုးဆုံးပဲ မြေပြင်စစ်ခွေး စစ်ကြောင်းကော Y-12 နဲ့က နေ့တိုင်းကို ဗုံးကျဲ နေတာ ၂ ရက်ဆက် စစ်ခွေးတွေ ဗုံးကျဲတာ ပြည်သူ ၁၁ ဦးသေဆုံးတယ်။ ထိခိုက်ဒဏ်ရာရရှိတာလည်း အများကြီးပဲ ကျေးရွာ ၂၀ ကျော်က ပြည်သူတွေ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article