23.7 C
Yangon

အာရှလမ်းမကို ပြန်လည်ထိန်းချုပ်ရေး ကော့ကရိတ်မြို့မှ ထွက်လာသည့် အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄၀ ကျော်သေ ဆုံးကာ အကြိမ်ကြိမ် တပ်ပြန်ဆုတ်သွား

Must read

ရန်ကုန်၊ ဩဂုတ် ၂၃

ကရင်ပြည်နယ်၊ ကော့ရိတ်-မြ၀တီ အာရှလမ်းမကို ပြန်လည်ထိန်းချုပ်ရေး ကော့ကရိတ်မြို့မှ ထွက်လာသည့် စစ်တပ်၏ အောင်ဇေယျစစ်ကြောင်းကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ စစ်သား ၄၀ ကျော်သေ ဆုံးကာ အကြိမ်ကြိမ် တပ်ပြန်ဆုတ်သွားကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ဩဂုတ်လ ၂ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကော့ကရိတ်မြို့မှ အာရှလမ်းမကြီးသို့ ချီတက်လာနေသော အကြမ်း ဖက်စစ်တပ် စစ်ကြောင်းများကို ကရင်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ချေမှုန်းခဲ့ ရာ စစ်သား ၄၀ ကျော်သေဆုံးပြီး ၄၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် စစ်ကောင် စီတပ်အတွင်းမှ ထွက်ပြေးကာ KNLA ပူးပေါင်းတပ်ဖွဲ့ထံ အလင်းဝင်ရောက်သူများလည်းရှိကြောင်း သိရသည်။

“အခု ကော့ကရိတ်က စထွက်ပြီး အာရှလမ်းကို တိုက်နေတဲ့ အောင်ဇေယျ စစ်ကြောင်းတွေ ပိတ်မိပြီး ပစ်ခံ ထိနေတယ်၊ တပ်ပြန်လန်လိုက် နောက်ပြန် ဆုတ်လိုက် ဖြစ်နေတာ ၅ ကြိမ် လောက်ရှိပြီ။ အာရှ လမ်း ကတော့ မွစာ ကြဲ နေပြီ။ စစ်တပ်ရဲ့ လေယာဉ်နဲ့ဗုံးကျဲ ၊ လက်နက်ကြီးတွေ ပစ်လွန်းလို့ ။ အခုက စစ်ကြောင်းမတက် သေး ခင် လေ ကြောင်းဗုံးကျဲ ခိုင်း၊ ဒရုန်းကျဲ ခိုင်းတယ်။ ပြီးတော့ လူနဲ့ ထိုးတက်လာရင် အပိုင် ပစ်ချပြန်ရင်း ဖြစ် နေတယ်။ ဩဂုတ်လ ၂ ရက်ကနေ ဒီလ ၂၀ ရက် အထိ။ စကစ တော့အထိအခိုက် သေဆုံးက အယောက် ၄၀ ကျော် ၅၀ ထဲရှိမယ်၊ ဒဏ်ရတာလည်း များတယ်။ ၄၀ မကဘူး။ ပြေးတာလည်းများတယ်၊” ဟု KNLA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ ထွက်ပြေးလာပြီး ခိုလှုံဝင်ရောက်လာသော စစ်ကောင်စီတပ်သား များကို တော်လှန်ရေးတပ်များက ကောင်း မွန်စွာ ထိန်းသိမ်းစောင့်ရှောက်ပေးထားပြီး လတ်တလော KNU/KNLA အနေဖြင့် တရားဝင်သတင်းမထုတ်ပြန်သေးကြောင်း သိရှိရသည်။

ယခုဩဂုတ်လကုန်ပိုင်းတွင် စစ်တပ်က မြဝတီမြို့သို့ ရောက်ရှိရေးနှင့် အာရှလမ်းမ ထိန်းချုပ်ရေးအတွက် လေ ယာဉ်ဖြင့် ဗုံးကျဲခြင်း၊ ဒရုန်းဖြင့် ဗုံးကျဲခြင်းတို့ လုပ်ဆောင်ပြီး မြေပြင်မှ အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေကြောင်း၊ သို့ရာတွင် KNLA ပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုများကြောင့် အထိနာကာ တတန်ကူးရွာသာရောက်ရှိသေးကြောင်း သိရသည်။

“ဩဂုတ်လကုန် မြဝတီ အရောက် ဆိုတာ အခုထိ တတန်ကူးရွာကနေ အာရှလမ်းမ ဘေးတောင် မ ရောက်နိုင်သေးဘူး၊ ဘယ်လို ယုတ်မာပြီး တိုက်လာမလဲ ဆိုတာတော့ တွေးမတတ်တော့ဘူး၊ နေ့ တိုင်း လေယာဉ်ကတော့ တစ်နေရာမဟုတ် တစ်နေရာ လာကြဲ ချတယ်။ ဒီရက်ထဲတော့ စကစ တွေ မီးကုန်ယမ်းကုန် တက်ရမယ်လို့ သတင်း ရထားတယ်။ မြဝတီကို ရောက်အောင် လမ်းသစ်ကရော၊ လမ်းဟောင်းကရော စစ်ကြောင်းထိုးနေတာ” ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ဓာတ်ပုံ- ၂၀၂၄ ခုနှစ် အောက်တိုဘာလ ကော်ဘရာစစ်ကြောင်းက အောင်ဇေယျစစ်ကြောင်းကို ချေမှုန်းတိုက်ခိုက်ခဲ့သည့် ဓာတ်ပုံမှတ်တမ်းများ။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article