23.7 C
Yangon

ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးထပ်ကျဲသဖြင့် နေအိမ်များ မီးလောင်နေပြီး မြေပြင်တွင်လည်း တိုက်ပွဲများ ဆက်လက် ပြင်းထန်

Must read

ရန်ကုန်၊ ဩဂုတ် ၂၃

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာကို အကြမ်းဖက် စစ်တပ်က လေ ယာဉ်ဖြင့် ယနေ့ ဗုံးကျဲ သဖြင့် နေအိမ်များ မီး လောင်နေပြီး မြေပြင်တွင်လည်း တိုက်ပွဲများ ဆက်လက် ပြင်းထန်နေကြောင်း စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဩဂုတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းတွင်လည်း နောင်ပိန်ရွာအတွင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက် ခိုက်ခဲ့ခြင်းကြောင့် နေအိမ်များ မီးလောင်နေပြီး ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

“နောက်ပိန်ရွာကို စစ်ခွေးတွေက နေ့စဉ်ကို ဗုံးကျဲနေတာ Y-12 တွေကော ဂျက်ဖိုက်တာတွေက လက်နက်ကြီးတွေကော ပစ်ခတ် ဗုံးကျဲနေတာ ပြည်သူတွေ အကုန်လုံးကတော့ စစ်ခွေးတွေစပြီး ဗုံးကျဲတဲ့ နေ့တည်းက ရှောင်နေကျတာ ဒီနေ့ နံနက်ကျဲသွားတာတော့ နေအိမ်တွေ မီးလောင်နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဩဂုတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး နောင်ပိန်ရွာနှင့် ၁ မိုင်ကျော်ခန့်သာ ကွာဝေးသော ထန်းတပင်ရွာကို အကြမ်းဖက် စစ်တပ် စစ်ကြောင်း ရောက်ရှိလာပြီးနောက် နောင်ပိန်ရွာထဲကို စစ်တပ်က Y-12 ၊ ဂျက်ဖိုက်တာ ၊ လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် နောင်ပိန်ရွာအနီးတွင်လည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် တော်လှန်ရေး တပ်ဖွဲ့များ နေ့စဉ် တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က ထန်းတပင်ရွာထဲမှ ရမ်းသမ်း ပစ်ခတ်နေကာ စစ်ကြောင်း ထွက်ခွာလာနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ဩဂုတ်လ ၂၀ ရက်နေ့ကလည်း ကျောက်မဲမြို့နယ်၊ ပင်တီးကျေးရွာ၊ ပင်တီးဘုန်းတော်ကြီးကျောင်းကို အကြမ်း ဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ဘေးရှောင် ပြည်သူ ၁၀ ဦး သေဆုံးကာ ၁၂ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီ၏ အရပ်သား ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်မှု အပေါ် သျှမ်းကျောင်းသားသမဂ္ဂနှင့် Tai Youth အဖွဲ့တို့က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article