စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် မြို့ပေါ် စစ်ဆေးရေးဂိတ်ကို ၃ ကြိမ် ဒရုန်းဖြင့် ဗုံးကျဲ တိုက် ခိုက်ခဲ့ကြောင်း YE-U Freedom Comrades – YFC မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၂၅ ရက်နေ့ နံနက် ၈ နာရီခန့်အချိန် ရေဦးမြို့နယ် ရွာသာလေး ကျေးရွာသို့ စစ် ကြောင်းထိုးလာသော အင်အား ၄၀ ခန့်ပါသည့် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်များက ဒရုန်းဖြင့် ဗုံး ၃ ကြိမ် ကျဲချ တိုက်ခိုက်ခဲ့ခြင်းကြောင့် ရေဦးမြို့ထဲသို့ ပြန် လည် ဆုတ်ခွာကြောင်း သိရှိရသည်။
ထို့ပြင် ဩဂုတ်လ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်အချိန် ရေဦးမြို့ တောင်ဘက်အထွက် သံလမ်းအနီးတွင် လက်နက်ကြီးများ လာရောက် တပ်ဆင်သည့် စစ်သားများကိုလည်း ဒရုန်းဖြင့် ဗုံး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ ဩဂုတ်လ ၃၀ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် ရေဦးမြို့ အဝင် ကြားဖူးအ၀ိုင်း စစ်ဆေးရေးဂိတ်အနီးရှိ စစ်သားများကိုလည်း ဒရုန်းဖြင့် ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိဘဲ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးသေစာရင်းကတော့ အတည်မပြုနိုင်သေးဘူး။ ရေဦးမြို့ကနေ မြို့ပတ်ပတ်လည် အနီးအနား ရွာတွေကို စစ်တပ်စစ် ကြောင်း ထွက်လာတာပါ။ ဩဂုတ် ၂၅ ရက်နဲ့ ၂၉ ရက်နေ့တွေက တိုက်ခိုက်မှုမှာလည်း အထိအခိုက် မသိရပါဘူး။ ဩဂုတ် ၃၀ ရက် နေ့ တိုက်ခိုက်မှုမှာ ဒဏ်ရာရတဲ့ စစ်ခွေး အနည်းဆုံး ၄ ကောင်နဲ့ အထက် ရေဦးဆေးရုံကို ရောက်လာတာပဲ သိရတာပါ။ မြို့အဝင် ကြာဖူးအဝိုင်း စစ်ဆေးရေးဂိတ်မှာ ပုံမှန် အင်အား ၂၀ ခန့်ရှိတယ်။ “ဟု YE-U Freedom Comrades – YFCမှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေး ဒရုန်းအဖွဲ့ (ရွှေဘိုခရိုင်) နှင့် 5/မဟူရာကျွဲရိုင်း (ရေဦး ပကဖ ) တို့က ပူးပေါင်း လုပ် ဆောင်ခဲ့ကြောင်း သိရှိရသည်။
