31 C
Yangon

ဥသျှစ်ပင်မြို့ ကပစ ၆ အနီးရှိ ကာကင်းစခန်းများကို AA နှင့် ပူးပေါင်း တပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်

Must read

ရန်ကုန်၊ စက်တင်ဘာ ၄

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့ ကပစ ၆ အနီးရှိ ကာကင်းစခန်းများကို AA နှင့် ပူးပေါင်း တပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလအတွင်း ဥသျှစ်ပင်မြို့ ပန်းတောင်းလမ်းပိုင်းရှိ အမှတ် ၆ ကာကွယ်ရေးပစ္စည်းစက်ရုံ အနီး အကြမ်းဖက် စစ်တပ်နှင့် AA ပူးပေါင်း တပ်ဖွဲ့များ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားပြီး ထို ကပစ ၆ အနီးရှိ ကာကင်းစခန်းများကို AA နှင့် ပူးပေါင်း တပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဥသျှစ်ပင်မြို့ ပန်းတောင်းလမ်းပေါ်မှာရှိတဲ့ အမှတ်-၆ ကာကွယ်ရေးပစ္စည်းစက်ရုံ စစ်ခွေး ကာကင်းစခန်းတွေကို AA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရတယ်။ စစ်ခွေး သေစာရင်းကတော့ အတည်မပြုနိုင်သေးဘူး။ တိုက်ပွဲတွေကတော့ ဆက်လက် ဖြစ်ပွားနေပါတယ်” ဟု ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်ကပြောဆိုသည်။

အဆိုပါ ထိတွေ့ တိုက်ပွဲများနှင့် ကာကင်းစခန်းများ သိမ်းပိုက်ရရှိမှုကို အာရက္ခတပ်တော် AA အနေဖြင့် အတည်ပြု ထုတ်ပြန်ထားခြင်း မရှိသေးပေ။

အကြမ်းဖက် စစ်တပ်သည် ဥသျှစ်ပင်မြို့နယ်၊ ညောင်ကျိုးရွာနှင့် ဆင်လန်ရွာ တို့တွင်လည်း နယ်မြေ ရှင်းလင်းရေး ဆက်လက် လုပ်ဆောင်နေပြီး လက်နက်ကြီးများ အထိုင်ချထားရန် လုပ်ဆောင်နေကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article