31 C
Yangon

မော်လိုက်မြို့နယ်တွင် စစ်သား ၁၂ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်

Must read

ရန်ကုန်၊ စက်တင်ဘာ ၄

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ် အကြမ်းဖက် စစ်သား ၁၂ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း မော်လိုက်ခရိုင် အမှတ်-၃ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

၂၀၂၅ ခုနှစ်အတွင်း မော်လိုက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်မှ စစ်သား ၁၂ ဦး သေနတ်နှင့် ခဲယမ်းများ ယူဆောင်လာပြီး မော်လိုက်ခရိုင် အမှတ် ၃ တပ်ရင်း ထံသို့ အလင်းဝင်ရောက်လာခဲ့ကြောင်း သိရသည်။

“ချိတ်ပြီး ဝင်လာတာတွေရှိသလို။ သူဟာသူ စွန့်စားပြီး လက်နက်တွေယူပြီးတော့မှ အခက်အခဲတွေကြားထဲကနေ ရုန်းထွက်လာတဲ့ သူတွေလည်းရှိပါတယ်။ ကျွန်တော်တို့ရှိတဲ့ စခန်းတွေ ဘက်ကို ထိုးထွက်လာတဲ့ လူတွေလည်းရှိတယ်ပေါ့။ ဝင်လာတဲ့ လ နဲ့ ရက်တွေ ကတော့ မတူကျဘူး” ဟု မော်လိုက်ခရိုင် အမှတ်-၃ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အလင်းဝင်လာသော ရဲဘော် တချို့သည် စစ်အာဏာရှင်စနစ်ဆိုးကို ဖြိုချရန် PDF တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေကြပြီး တချို့ အလင်းဝင်လာသူများသည် ၎င်းတို့ ဆန္ဒရှိကာ နယ်မြေများတွင် အရပ်သားဘဝဖြင့် အေးဆေးစွာ လုပ်ကိုင်စားသောက်လျှက်ရှိကြောင်း၊ ထို့ပြင် တော်လှန်ရေးအတွက် အားဖြည့် ကူညီနေသူများလည်းရှိကြောင်း သိရသည်။

ဆက်လက်၍ ပြည်သူ့ရင်ခွင်သို့ ခိုလှုံလိုသူများကိုလည်း နွေးထွေးစွာ ကြိုဆိုသွားမည်ဖြစ်ကြောင်း မော်လိုက်ခရိုင် အမှတ်-၃ တပ်ရင်းက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article