26.9 C
Yangon

ငါန်းဇွန်မြို့နယ်၊ စလင်းကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေယာဉ်ဖြင့် ဗုံးများ ကျဲချ၊ မူးမြို့နယ်တွင်လည်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၆

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ စလင်းကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေယာဉ်ဖြင့် ဗုံးများ ကျဲချခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ စက်တင်ဘာလ ၅ ရက်နေ့ ညပိုင်းတွင် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ငါန်းဇွန်မြို့နယ်၊ စလင်းကျေးရွာကို လေယာဉ်ဖြင့် ဗုံးများ တောက်လျှောက်ကျဲချခဲ့ကြောင်း၊ လတ်တလော ပြည်သူများ ထိခိုက်သေဆုံးမှု နှင့်ပျက်စီးဆုံးရှုံးမှု အခြေအနေကို မသိရှိရသေးကြောင်း၊ ပြည်သူအများစု စစ်ဘေးရှောင် တိမ်းရှောင်နေရကြောင်း သိရှိရသည်။

“မနေ့ညက စလင်းရွာကို လေယာဉ်နဲ့ ဗုံးကျဲ တာ ဗုံးအလုံး ၄၀လောက်ရှိမယ်။ တိုက်ပွဲဖြစ်တာလည်းမရှိပါဘူး။ ပြည်သူတွေကတော့ အခု စစ်ဘေးရှောင်နေရပြီ။ လေကြောင်းအန္တရာယ်ကြောင့်”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ပဲခူးတိုင်း၊ မူးမြို့နယ်အတွင်း ကျေးရွာများကို အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးကာ၊ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ၊ နွား ၁ကောင် သေဆုံးပြီး ၁ကောင် ထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ ၃ ရက်နေ့ မူးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်သည် ဆိပ်ကြီးမှ နေပြီး ၈၁ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ ငထွေစုတ်ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲပြီး အသက် ၆၂ နှစ်အရွယ် ဒေါ်ဆန်းတင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရှိရသည်။

စက်တင်ဘာလ ၂ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်မှ နတ်သံကွင်း မှနေပြီး ၁၂၀ မမ လက်နက်ကြီးအား ၆ လုံး ဆက်တိုက်ပစ်ခတ်ရာ ရေလဲအရှေ့ဘက်ကမ်းကျေးရွာနှင့် အနောက်ဘက် ကမ်း ကျေးရွာများ၏ပတ်ဝန်းကျင်နှင့်လမ်းပေါ်သို့ ကျရောက် ပေါက်ကွဲပြီး ရေလဲအရှေ့ဘက်ကမ်း ကျေးရွာမှ အသက်အရွယ် ၃၇နှစ်အရွယ် စောဖါးလါးမူး(ခ)မောင်လူပေ ထိခိုက်သေဆုံးခဲ့ရကြောင်း၊ အသက်အရွယ် ၇၅နှစ်အရွယ် ဦးအောင်သိန်းမှာ ထိခိုက် ဒဏ်ရာရရှိခဲ့ရကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်က နေ့စဥ်လိုလို လက်နက်ကြီး၊ ဒရုန်းများဖြင့် အရပ်သားပြည်သူလူထု များကို ရည်ရွယ် ချက်ရှိရှိပစ်မှတ်ထား ပစ်ခတ်မှုများကို လုပ်ဆောင်လျက်ရှိသောကြောင့် အရပ်သား ပြည်သူလူထုများ ထိခိုက်ဒဏ်ရာရသေဆုံးမှုများနှင့် အိုးအိမ်ပစ္စည်းဥစ္စာများ ထိခိုက်ပျက်စီး ဆုံးရှုံးနေကြရ လျက်ရှိကြောင်း KNU ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article