25.7 C
Yangon

စစ်တပ်ဘက်တော်သား ပေါက်အရေခြုံ ဘုန်းကြီးက ဘန်ကောက်သို့ လာရောက်ပြီး ထိုင်းအစွန်းရောက် နှုတ်ခမ်းမွှေးနှင့်တွေ့ဆုံမှု ထိုင်းရောက် တော်လှန်ရေးထောက်ပို့များကို ဒုက္ခပေးရန် အကြံအစည်ရှိနေ၍ သတိပြုရန်လိုအပ်

Must read

ရန်ကုန်၊ စက်တင်ဘာ ၉

အရပ်သားပြည်သူအများအပြားကို သတ်ဖြတ်ထားတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီးအဖွဲ့ရဲ့ ဘုန်းကြီး လို့ လူသိများတဲ့ ပေါက်ကိုယ်တော် နဲ့ ထိုင်း အမျိုးသားရေး အစွန်းရောက်နှုတ်ခမ်းမွှေးတို့ တွေ့ဆုံခဲ့တယ်လို့ ပေါက်ကိုယ်တော်က သူရဲ့ TikTok လူမှုကွန်ရက်မှာ ဗီဒီယို တင်ထားပါတယ်။

ထိုင်း အစွန်းရောက်တော်ဝင်ဝါဒီ အမျိုးသားရေး သမားနှုတ်ခမ်းမွှေး (ခ) ဆုန်ချိုင်နီ(ယမ်)ဟုမ် မြန်မာ နဲ့ ကမ္ဘောဒီးယား အလုပ်သမားတွေကို လူမှုကွန်ရက်ကနေ သတင်းမှားတွေဖြန့်ဝေ ပြီးတိုက်ခိုက် တဲ့ လှုပ်ရှား မှုတွေကို ဦးဆောင်တဲ့ အပြင် ရွှေ့ပြောင်းအလုပ်သမားတွေကို ဖမ်းဆီး ဖို့ တိုင်ကြားတာတွေကို ဘန်ကောက် နဲ့ ထိုင်းနိုင်ငံတောင်ပိုင်း မြို့တွေမှာ အကြီးအကျယ်လုပ်ကိုင်နေသူဖြစ်ပါတယ်။

ပျူစောထီး ပေါက်ကိုယ်တော် နဲ့ ထိုင်း လူမျိုးရေး အစွန်းရောက် နှုတ်ခမ်းမွှေးတို့ ဟာ စက်တင်ဘာလ ၈ ရက်နေ့က ဘန်ကောက်မြို့မှာ တွေ့ဆုံခဲ့တာပါ။

ပေါက်ကိုယ်တော်ဟာ ပြည်သူ့ထောက်ပံ့ကူညီရေးအဖွဲ့ (PST Network) အဖွဲ့အစည်းတည်ထောင်သူ ကိုစည် နဲ့ TikTok လူမှုကွန်ရက်မှာ အငြင်းပွားမှု ဖြစ်ပြီးနောက် ကိုစည်ကိုရှာဖွေဖို့ ဘန်ကောက်ရောက်လာတာလို့ လည်းပြောပါတယ်။

သူတို့နှစ်ဦးဆွေးနွေးပြောဆို မှုတွေမှာ ပေါက်ကိုယ်တော်က မဘသ အဖွဲ့အကြောင်း ရှင်းပြခဲ့ပြီး နှုတ်ခမ်းမွှေးကတော့ ထိုင်းက ဖမ်းဆီးပြီး ပြန်ပို့လိုက်တဲ့ မြန်မာနိုင်ငံသားတွေ ထိုင်းကို ပြန်မလာ စေဖို့ လုပ်ဆောင်ရန် ပေါက်ကိုယ်တော်ကိုပြောကြားခဲ့တယ်လို့ TikTok ဗီဒီယိုတွေ အရသိရပါတယ်။

စစ်လော်ဘီ ပေါက်အရေခြုံဘုန်းကြီးရဲ့ ထိုင်းခရီးစဉ်က တော်လှန်ရေးထောက်ပို့အင်အားစုတွေကို ဖြိုခွင်းဖို့ အကြံအစည် ရှိပုံရလို့ သတိပြုဖို့ လိုတယ်လို့ အေအေစီကိုရဲမင်းက သုံးသပ်ပြောဆိုပါတယ်။

“အဓိကကတော့ ထိုင်းရောက် တော်လှန်ရေးအင်အားစုတွေ ထောက်ပို့အင်အားစုတွေကို ဖြိုခွင်းဖို့ အကြံအစည်နဲ့ လာတာပဲ။ ထိုင်းမျိုးချစ်အဖွဲ့နဲ့ တွေ့တယ်ဆိုတာလည်း ဒါတွေပဲ သူ ပြောမှာပဲလေ။ တခြားအကြောင်းနဲ့တော့ လာစရာ အကြောင်း မရှိပါဘူး။ အဓိကက အရေခြုံအတု လာခြင်းသည် ထိုင်းနိုင်ငံရောက် တော်လှန်ရေးအင်အားစုတွေကို ဖြိုခွဲဖို့ အကြံအစည်နဲ့ အကြမ်းဖက်စစ်အုပ်စုဘက်က သူ့ကို အိုင်ဒီယာပေးပြီးတော့ သူ ထိုင်းနိုင်ငံကို လွှတ်လိုက်တာ ဖြစ်တယ်။ ဆိုလိုတာက ငပေါက်လာခြင်းဟာ ထိုင်းရောက် မြန်မာလုပ်သားထုတွေကြားထဲကို သွေးခွဲဖို့ ၊ တော်လှန်ရေးအင်အားစုတွေကို ဖြိုခွင်းဖို့၊ နှိပ်ကွပ်ဖို့ ဒီလို အကြောင်းအရာတွေနဲ့ ရသလောက် ပေါင်းသင့်တဲ့ လူတွေနဲ့ ပေါင်းပြီးတော့ လာလုပ်တာပဲ ဖြစ်တယ်။ ထိုင်းရောက် မြန်မာတွေအတွက်ကတော့ အရမ်းကြီးတော့ စိုးရိမ်စရာတော့ မလိုဘူး။ ဒါပေမဲ့ သတိထားနေထိုင်ရမှာပေါ့။ ဒီကောင်တွေက ထိုင်းထိတောင် လာပြီးတော့ နယ်ချဲ့ပြီးတော့ ညစ်လာတဲ့ သဘောလေ” လို့ အေအေစီ ကိုရဲမင်းက ဆိုပါတယ်။

ပေါက်ကိုယ်တော်လို့ စစ်တပ်က ခေါ်ဝေါ်တဲ့ အရေခြုံဘုန်းကြီးက သူကိုယ်တိုင် ပျူစောထီးတွေ မွေးမြူထားတဲ့အပြင် ပျူစောထီးတွေ လက်နက်တပ်ဆင်ရေးနဲ့ PDF တွေကို သတ်ဖြတ်နှိမ်နင်းဖို့ စစ်တပ်ကို အမြဲလိုလို ဖိအားပေး လှုံ့ဆော်ပြောဆိုနေသူလည်းဖြစ်ပါတယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article