25.7 C
Yangon

စစ်တပ်လက်အောက်ခံ BGF ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သော KNA ကို နိုင်ငံဖြတ်ကျော် ရာဇဝတ်အဖွဲ့အစည်းအဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကြေညာ

Must read

ရန်ကုန်၊ စက်တင်ဘာ ၉

အကြမ်းဖက် စစ်တပ်လက်အောက်ခံ ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သော KNA ကို နိုင်ငံဖြတ်ကျော် ရာဇဝတ်အဖွဲ့အစည်းအဖြစ် အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး Marco Rubioက ကြေညာလိုက်သည်။

ယနေ့တွင် အမေရိကန်အစိုးရက ကမ္ဘောဒီးယားနှင့်မြန်မာရှိ အွန်လိုင်းငွေကြေးလိမ်လည်စင်တာများကို ဒဏ်ခတ်အရေးယူမှုများ လုပ်ဆောင်လိုက်ပြီး အဆိုပါအွန်လိုင်းငွေကြေးလိမ်လည်မှုများက အမေရိကန်နိုင်ငံသားများကိုလည်း ထိခိုက် လျက်ရှိကြောင်း၊ ၂၀၂၄ ခုနှစ်တွင် အွန်လိုင်းငွေကြေးလိမ်လည်မှုများကြောင့် အမေရိကန်က အနည်းဆုံး ဒေါ်လာ ၁၀ ဘီလီယံ ဆုံးရှုံးခဲ့ရကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ ကြေညာချက်တွင် ဖော်ပြထားသည်။

အမေရိကန်အစိုးရ၊ ဘဏ္ဍာရေးဝန်ကြီးဌာနက ယနေ့တွင် အဓိက အွန်လိုင်းငွေ ကြေးလိမ်လည်ရာနေရာကြီးဖြစ်သော ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်ရှိ KNA က ကာကွယ်စောင့်ရှောက်ထားသော ရွှေက္ကိုလ်ငွေကြေးလိမ်လည်နေရာနှင့်ပတ်သက်ဆက်နွယ်နေသော ပစ်မှတ် ၉ ခုကို ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်ကြောင်း၊ KNA ခေါ် ကရင်အမျိုးသားတပ်မတော်မှာ အမေရိကန်ကိုဦးတည်သော အွန်လိုင်းငွေကြေးလိမ်လည်မှုများနှင့် အတင်းအဓမ္မ အလုပ်စေခိုင်းမှုများဖြင့် လုပ်အားခေါင်းပုံဖြတ်နေသော နိုင်ငံဖြတ်ကျော် ရာဇဝတ်အဖွဲ့အစည်းဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ယနေ့ အမေရိကန်က စီးပွားရေးဒဏ်ခတ်ပိတ်ဆို့လိုက်သည့် လူပုဂ္ဂိုလ် ၃ ဦးမှာ KNA ဗိုလ်မှူးကြီး စောချစ်သူ၏ လက်ရုံး စောတင်ဝင်း၊ စောမင်းမင်းဦး၊ SHE ZHIJIANG တို့ဖြစ်ပြီး ဒဏ်ခတ်ပိတ်ဆို့လိုက်သည့် ကုမ္ပဏီ ၆ ခုမှာ Myanmar Yatai International Holding Group Co., LTD. (Myanmar Yatai) ၊ ချစ်လင်းမြိုင် သတ္တုတူးဖော်ရေးနှင့် စက်မှုကုမ္ပဏီ၊ ချစ်လင်းမြိုင် တိုယိုတာကုမ္ပဏီ ၊ ချစ်လင်းမြိုင်ကုမ္ပဏီ ၊ ရွှေမြစ်သောင်ရင်းစက်မှုနှင့်ကုန်ထုတ်လုပ်ငန်းကုမ္ပဏီ၊YATAI INTERNATIONAL HOLDING GROUP LIMITED တို့ပါဝင်သည်။

အမေရိကန်က ယခုနှစ်မေလအတွင်း ငွေလိမ်ဂိုဏ်းများကို အကာအကွယ်ပေးပြီး လည်ပတ်နေသည့် ကရင်နယ်ခြားစောင့်တပ် (BGF/KNA) ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ၊ သားဖြစ်သူ စောထူးအယ်မူး နှင့် စောချစ်ချစ်တို့ကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူခဲ့ပြီးဖြစ်သည်

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article