30.7 C
Yangon

ပေါင်းတည်မြို့နယ်၊ပန်းသင်းပင်ရွာတွင် ပျူစောထီးအေးမင်းထွန်း ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၃

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ပန်းသင်းပင်ရွာတွင် ပျူစောထီးအေးမင်းထွန်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ပြည်သူ့ကာ ကွယ်ရေးတပ်မတော်၊ ပြည်ခရိုင် အမှတ် ၃၆၀၁ တပ်ရင်းမှ စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံ ရဲဘော် ရှဲဒိုးက ပြောဆိုသည်။

စက်တင်ဘာ ၁၁ ရက်နေ့ နံနက် ၇ နာရီ အချိန် ပေါင်းတည်မြို့နယ်၊ ပန်းသင်းပင်ရွာနေ ပျူစောထီးအေးမင်းထွန်းကို ယာထဲသို့အလာ ပန်းသင်းပင်ရွာအပြင်ဘက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ ၂၁ ကွပ်ကဲမှု အောက်ရှိ အမှတ် ၃၆၀၁ တပ် ရင်း တပ်ခွဲ ၂ က စောင့်ကြို့ပစ်ခတ်ရှင်းလင်းရာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။

သေဆုံးသူ ပျူစောထီးအေးမင်းထွန်းမှာ အနီးအနား ကျေးရွာများမှ ပြည်သူများကို ဒုက္ခပေးနေသူဖြစ်ပြီး ပြည်သူများထံမှ ရိက္ခာနှင့် လူသုံးပစ္စည်းများကို လုယက်သိမ်းဆည်းသူဖြစ်ကြောင်း၊ ထို့ကြောင့် ပြတ်ပြတ်သားသား အရေးယူ ရှင်းလင်းလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ပျူစောထီး အေးမင်းထွန်းက အနီးအနားရွာတွေက ပြည်သူတွေပိုင်ယာတောတွေကို ဝင်စီးပြီး လတိုင်း လိုလို ပြည်သူပိုင် ပစ္စည်းတွေကို စိတ်ကြိုက်လိုသလို သိမ်းယူနေတာကြာပြီ အဲလိုဒုက္ခပေးနေလို့ ကျနော်တို့ ရဲဘော်တွေ ပစ်ခတ် တိုက်ခိုက်လိုက်ရတာပါ” ဟု အမှတ် ၃၆၀၁ တပ်ရင်း မှ စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားရေး တာဝန်ခံ ရဲဘော် Shadow က ပြောဆိုသည်။

ပြည်သူ့ကာ ကွယ်ရေးတပ်မတော်၊ ပြည်ခရိုင် အမှတ် ၃၆၀၁ တပ်ရင်းအနေဖြင့် ပေါင်းတည်မြို့နယ်အတွင်း အကြမ်းဖက်စစ် တပ်၏ ဒေါက်တိုင်များနှင့် အပေါင်းအပါလက်ပါးစေများကို အေးမင်းထွန်းကဲ့သို့ ပြတ်ပြတ်သားသား အရေးယူသွားမည်ဖြစ် ကြောင်း ရဲဘော်ရှဲဒိုးက သတိပေးသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article