26.3 C
Yangon

နတ်တလင်းမြို့နယ်၊ ပန်းတင်းပင်ရွာရှိ ပျူစောထီးဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သားအားလုံး ထွက်ပြေးသွား၍ ခဲယမ်း တချို့ သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၃

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ပန်းတင်းပင်ရွာရှိ ပျူစောထီးဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သားအားလုံး ထွက်ပြေးသွား၍ ခဲယမ်း တချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သာယာဝတီခရိုင် အမှတ် ၁ တပ်ရင်း ၃၈၀၁ က ထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၁၂ ရက်နေ့ ည ၁၀ နာရီခန့်တွင် နတ်တလင်းမြို့နယ်၊ ပန်းတင်းပင်ရွာရှိ ပျူစောထီးဂိတ်စခန်းကို ပဲခူးတိုင်းစစ်ဌာန၊ အမှတ် ၂၂ ဗျူဟာ၊ သာယာဝတီခရိုင် တပ်ရင်း ၁ ရဲဘော်များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှု အတွင်း ဂိတ်စခန်းအတွင်းရှိ ပျူစောထီးများနှင့် စစ်သားများက ကျေးရွာ အတွင်း ဝင်ရောက် ထွက်ပြေးသွားသောကြောင့် တော်လှန်ရေး တပ်ဖွဲ့များက ပြည်သူများ ထိခိုက်မည်ကို စိုးရိမ်၍ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်သားများ ထွက်ပြေးသွားသော ပန်းတင်းပင်ရွာ ပျူစောထီးဂိတ်စခန်းမှ ကာဘိုင်ကျည်ဘောက် ၁ ခု၊ ကာဘိုင်ကျည် ၈၅ တောင့်နှင့် ဖုန်း ၂ လုံး တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်ကလည်း ယမန်နေ့ ညနေပိုင်းက အုတ်ဖိုမြို့နယ်နှင့် နတ်တလင်းမြို့နယ်ရှိ ကျေးရွာများကိုလည်း စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်၏ စက်တပ်လေထီး ၁ စီးသည် အုတ်ဖိုမြို့နယ်၊ ကိုင်ကြီးရွာကို ဗုံး ၅လုံးနှင့် နတ်တလင်းမြို့နယ်၊ ကွင်းစမ်းရွာကိုလည်း ဗုံးများ ကျဲချ တိုက်ခိုက်ခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article