28.2 C
Yangon

မင်းလှမြို့မ ရဲစခန်းမှ ဆိုင်ကယ်ဖြင့် ကင်းလှည့်ရန် ထွက်လာသော ရဲများကို မိုင်းဆွဲ တိုက်ခိုက်မှု ရဲတချို့ ထိခိုက်မှုရှိ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၄

ပဲခူးတိုင်း၊ မင်းလှမြို့မ ရဲစခန်းမှ ဆိုင်ကယ်ဖြင့် ကင်းလှည့်ရန် ထွက်လာသော ရဲများကို မိုင်းဆွဲ တိုက်ခိုက်ရာ ရဲတချို့ ထိခိုက်မှုရှိကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၃ ရက်နေ့ ည ၈ နာရီ ၅၀ မိနစ်ခန့်တွင် မင်းလှမြို့မရဲစခန်းမှ ဆိုင်ကယ်ဖြင့် ကင်းလှည့်ရန် ထွက်ခွာလာသော ရဲများကို တိုင်တရာဗလီနှင့် ဝေဠုဝန်ဘုန်းကြီးကျောင်း အကြား ရေကန်ဘေးရှိ လမ်းပိုင်းတွင် တော်လှန်ရေး တပ်ဖွဲ့များက စောင့်ကြို မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို မိုင်းဆွဲ တိုက်ခိုက်မှု အတွင်း ရဲတချို့ ထိခိုက်မှုရှိပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“ရဲခွေးတွေ မြို့မစခန်းက ဆိုင်ကယ်နဲ့ ထွက်အလာကို စောင့်ပြီး မိုင်းဆွဲတာပါ။ ထိခိုက်သူတွေရှိပေမယ့် အသေအပျောက်တော့မသိရသေးဘူး။ ဆက်လက်ပြီးလည်း မြို့တွင်း စစ်ဆင်ရေးတွေကို အရှိန်မြှင့် လုပ်သွားမှာမို့ ပြည်သူတွေ စစ်ခွေး၊ ရဲခွေးနဲ့ ပျူခွေးတွေအနီး ဝေးဝေးနေကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို နှင့် မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်များ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေကြသည့် မြို့ပေါ်ရှိ စစ်သား၊ ရဲ ၊ ပျူစောထီးနှင့် အုပ်ချုပ်ရေး ဒေါက်တိုင်များကို ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် ၄င်းတို့အနီး သွားလာနေထိုင်ခြင်းများ လုံးဝ (လုံးဝ) မပြုလုပ်ကြရန် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့က အသိပေးပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article