28 C
Yangon

အမေရိကန် သမ္မတထရမ့်က မြန်မာ အပါအဝင် ၅ နိုင်ငံကို မူးယစ်ဆေးဝါး တိုက်ဖျက်ရန် ပျက်ကွက်သော နိုင်ငံများအဖြစ် သတ်မှတ်ကြေညာ

Must read

🟥အမေရိကန်စစ်တပ်က ဗင်နီဇွဲလားနှင့်ပတ်သက်သော မူးယစ်ဆေးဝါးနှိမ်နင်းရေး လုပ်နေ

ရန်ကုန်၊ စက်တင်ဘာ ၁၇

အမေရိကန်သမ္မတထရမ့်က မြန်မာ အပါအဝင် အာဖဂန်နစ္စတန်၊ ဘိုလီးဗီးယား၊ ကိုလံဘီယာနှင့် ဗင်နီဇွဲလားနိုင်ငံ စုစုပေါင်း ၅ နိုင်ငံကို မူးယစ်ဆေးဝါးတိုက်ဖျက်ရန် ပျက်ကွက်သော နိုင်ငံများအဖြစ် သတ်မှတ်ကြေညာလိုက်သည်။

စက်တင်ဘာလ ၁၅ ရက်နေ့တွင် အမေရိကန်သမ္မတက ထိုကဲ့သို့ သတ်မှတ်ကြေညာလိုက်ခြင်းဖြစ်ပြီး အဆိုပါ ဆုံးဖြတ်ချက်က မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် ယင်းနိုင်ငံများသို့ ပေးအပ်နေသော ငွေကြေးပံ့ပိုးမှုများ အပေါ် သက်ရောက်မှုများရှိနိုင်ကြောင်း၊ လတ်တလော ဗင်နီဇွဲလားနိုင်ငံတွင် အမေရိကန်စစ်တပ်ဖြင့် မူးယစ်ဆေးဝါးသယ်ယူပို့ဆောင်နေသော လှေများကို ဖောက်ခွဲဖျက်ဆီးမှုများ လုပ်ဆောင်ခြင်းဖြင့် မူးယစ်ဆေးဝါးနှိမ်နင်းရေး လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

“အာဖဂန်နစ္စတန်၊ ဘိုလီးဗီးယား၊ မြန်မာ၊ ကိုလံဘီယနဲ့ ဗင်နီဇွဲလားနိုင်ငံတို့အနေနဲ့ လွန်ခဲ့တဲ့ ၁၂ လအတွင်း နိုင်ငံတကာ မူးယစ်ဆေးဝါးနှိမ်နင်းရေး သဘောတူညီချက်မှာ ပါတဲ့ သူတို့ရဲ့ တာဝန်ဝတ္တရားတွေကို လိုက်နာအကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့ပါတယ်” ဟု အမေရိကန်သမ္မတထရမ့်က သူ၏ ကြေညာချက်ကို ဖတ်ကြားပြောဆိုသည်။

အမေရိကန် ဥပဒေအရ အမေရိကန်သမ္မတက လွန်ခဲ့သော ၁၂ လအတွင်း နိုင်ငံတကာ မူးယစ်ဆေးဝါး နှိမ်နင်းရေး သဘောတူညီချက်များကို အကောင်အထည်ဖော်ရန် ပျက်ကွက်သော နိုင်ငံများနှင့် တာဝန်ဝတ္တရားများ မပြည့်မီသော နိုင်ငံများကို နှစ်စဉ် ခွဲခြားသတ်မှတ်ထုတ်ပြန်ရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article