25.6 C
Yangon

ထိုင်း-မြန်မာ နယ်စပ် မောတောင်လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂ ဦး သေဆုံးကာ သေနတ် ၂ လက် သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၈

တနင်္သာရီတိုင်း၊ ထိုင်း-မြန်မာ နယ်စပ် မောတောင်လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်သား ၂ ဦး သေဆုံးကာ သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ထားသည်။

ယနေ့ စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၈ နာရီခန့်တွင် တနင်္သာရီမြို့နယ် ထိုင်း-မြန်မာ နယ်စပ် မောတောင် ကုန်သွယ်ရေးလမ်းပိုင်းရှိ သိန်းခွန်း‌ကျေးရွာအနီးတွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုတိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၂ ဦး သေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး MA-1 သေနတ် ၁ လက်၊ MA-3 သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည် ၁၀၀ တောင့်နှင့် ကျည်ဘောင် ၄ ခုတို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို K.N.L.A ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ တပ်မဟာ(၄) လက်အောက်ခံ၊ တပ်ရင်း(၁၁) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အလားတူ စက်တင်ဘာလ ၁၁ ရက်နေ့ကလည်း အဆိုပါ မောတောင်နယ်စပ် ကုန်သွယ်ရေးလမ်းရှိ သိန်းခွန်း‌ကျေးရွာအနီးဝန်းကျင်သို့ ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးကာ MA1 အမျိုးအစားသေနတ် ၂ လက်၊ MA3 အမျိုးအစား သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၂ လုံး ၊ ကျည် ၆၅၉ တောင့် ၊ ခွဲဗုံး ၂ လုံးနှင့် ကျည် ဘောက် ၂၁ ခုကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article