25.4 C
Yangon

ထိုင်းနိုင်ငံ၊တာ့ခ်ခရိုင်တွင် အိမ်စီးဆလွန်းကားဖြင့် တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၃ ဦးကို ဖမ်းဆီးရရှိ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၀

ထိုင်းနိုင်ငံ၊တာ့ခ်ခရိုင်တွင် အိမ်စီးဆလွန်းကားဖြင့် တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၃ ဦးကို ဖမ်းဆီးရရှိကြောင်း ထိုင်းအာဏာပိုင်များက သတင်းထုတ်ပြန်သည်။

ယနေ့ နံနက်ပိုင်း မဲဆောက်မြို့မှ တာ့ခ်ခရိုင်ဘက်သို့ ဦးတည်လာသော Toyota Camry အိမ်စီး ဆလွန်း ကားကို စစ်ဆေးရေးဂိတ်တွင် စစ်ဆေးရာ ယာဉ်အတွင်း ပုန်းခိုလိုက်ပါလာသော မြန်မာနိုင်ငံသား ၃ ဦးကိုတွေ့ရှိရကြောင်း၊ အဆိုပါ မြန်မာနိုင်ငံသား ၃ ဦးတွင် နိုင်ငံကူးလက်မှတ်နှင့် အထောက်အထား မပါရှိကြောင်း သိရှိသည်။

ယင်းနောက် ယာဉ်မောင်းကိုလည်း ဖမ်းဆီးပြီး ဖမ်းဆီးရရှိသူ မြန်မာနိုင်ငံသား ၃ ဦးကိုလည်း ရဲစခန်းသို့ပို့ဆောင်ထားကြောင်း၊ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article