24.2 C
Yangon

ထိုင်းနိုင်ငံ၊ အယုဒ္ဒယာခရိုင်ရှိ စက်ရုံတစ်ခုတွင် အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရသော မြန်မာလုပ်သား ၁၇၀ ဦး၏ နစ်နာကြေး ရရှိရေး NUG အလုပ်သမား ဝန်ကြီးဌာန နှင့် MHAC က ကူညီ ဆောင်ရွက်နေ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၀

ထိုင်းနိုင်ငံ၊ အယုဒ္ဒယာခရိုင်ရှိ စက်ရုံတစ်ခုတွင် အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရသော မြန်မာလုပ်သား ၁၇၀ ဦး၏ နစ်နာကြေး ရရှိရေး NUG အလုပ်သမား ဝန်ကြီးဌာန နှင့် MHAC က ဆောင်ရွက်ပေးနေကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီပေးနေသည့် အေအေစီ ကိုရဲမင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါ စက်ရုံသည် မြန်မာလုပ်သားများကို အကြောင်းမဲ့ ကားခဆိုပြီး ငွေကြေးဖြတ်တောက်ခြင်း၊ ပကန်ဆန်ခုန်ကြေး ပုံမှန်ပေးသွင်းနေသော်လည်း နေထိုင်မကောင်း၍ ဆေးရုံသွားလျှင် ဆေးကုသစရိတ်များ ပေးချေရခြင်း၊ နှစ်ကြီးအလုပ်သမားအချို့ကို အလုပ်မှ အကြောင်းမဲ့ ထုတ်ပယ်ခြင်း၊ သက်တမ်းတိုးလုပ်ငန်းများတွင်လည်း ဈေးနှုန်း အဆမတန် ကောက်ခံခြင်း၊ ရုံးပိတ်ရက်များတွင် အလုပ်လုပ်ခိုင်းပြီး အလုပ်သမား ဥပဒေပါအတိုင်း လုပ်ခ ၂ ဆ မပေးခြင်း၊ နေမကောင်းသည့်အခါတွင်လည်း ဆေးရုံ ထောက်ခံစာ ပါသည့်တိုင် ပိုက်ဆံဖြတ်ခြင်းများ ကျူးလွန်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

“အဓိကကတော့ သူတို့ လုပ်ငန်းခွင်ထဲမှာ ချိုးဖောက်ခံရတယ်။ အလုပ်သမားအခွင့်အရေးတွေ ဆုံးရှုံးနေတယ်။ အဲဒါတွေအတွက် တောင်းဆိုတဲ့အခါ အလုပ်ရုံဘက်က အလုပ်သမားတွေကို လိုက်လျောမှု လုံးဝမပေးဘူး။ သက်ကြီးသမားတွေကို အပြစ်ရှာ အလုပ်ထုတ်တာတွေ စတင်လုပ်နေပြီ။ အဲဒီအတွက် လာမယ့် တနင်္လာနေ့မှာ ထိုင်းအစိုးရ ကာကွယ်စောင့်ရှောက်ရေးဌာန ဆဝါဒီကန်မှာ သွားပြီးတော့ အမှုဖွင့်တိုက်ကြားဆောင်ရွက်ပေးရမှာ ဖြစ်တယ်။ ခရိုင်တိုင်း ဆဝါဒီကန် ရှိတယ်။ အဲဒီမှာ အလုပ်ရှင်နဲ့ အရင်ညှိနှိုင်းမယ်။ ညှိနှိုင်းလို့မရရင် တရားစွဲတာတွေထိ ဆက်လုပ်သွားမယ်” ဟု အေအေစီ ကိုရဲမင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထိုသို့ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများအတွက် အေအေစီရဲမင်း ဦးဆောင်သော MHAC မဟာမိတ်အဖွဲ့ဝင်များနှင့် NUG အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်ထွန်းဦး တို့က သက်ဆိုင်ရာနယ်မြေခံအလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး၌ တိုင်ကြားခြင်းများ ဆောင်ရွက်နိုင်ရန် အလုပ်သမားများနှင့် တွေ့ဆုံဆွေးနွေးခြင်းများ စတင်လုပ်ဆောင်နေပြီး အလုပ်သမား အခွင့်အရေးရရှိသည်အထိ ကူညီပေးသွားမည်းဖြစ်ကြောင်း M.H.A.C မဟာမိတ်အဖွဲ့ထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article