တနင်္သာရီတိုင်း ထားဝယ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် ရိက္ခာပို့ ယာဉ်တန်းကို ၃ ကြိမ် ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၂၆ ဦးသေဆုံးပြီး ကား ၆ စီးကို မီးရှို့ရှင်းလင်းနိုင်ခဲ့ကြောင်း Lark Guerilla Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၂၁ ရက်နေ့တွင် ထားဝယ်မြို့နယ်၊ သင်္ကန်းတုန်းကျေးရွာ၌ အကြမ်းဖက် စစ်တပ်၏ ကား ၁၀ စီးပါ ရိက္ခာယာဉ်တန်းကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ကား ၃ စီးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ထံမှ MA-1 အမျိုးအစား သေနတ် ၂ လက်၊ ကျည်ဘောက် ၁၂ ခု၊ အီနာဂါ ဗုံးသီး ၅ လုံး၊ လက်ပစ်ဗုံး ၅ လုံးနှင့် ဆက်စပ်ပစ္စည်းများ သိမ်း ဆည်း နိုင်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် ကျန်ရှိနေသော ရိက္ခာယာဉ်တန်းမှ ကား ၈ စီးသည် ဝကုန်းရွာ၌ ကား ၂ စီး အပါအဝင် စစ်သား ၈၀ ခန့်ဖြင့် ထပ်မံ အင်အားဖြည့်တင်းပြီး စုစုပေါင်း ကား ၉ စီးဖြင့် စက်တင်ဘာလ ၄ ရက်နေ့တွင် ကျေး ရွာအတွင်းမှ ပြန်လည် ထွက်ခွာလာစဉ် တော်လှန်ရေး တပ်ဖွဲ့များက ဘုရားတောင်အနီး၌ ကြားဖြတ်တိုက်ခိုက်ခဲ့ ရာ အပြန်အလှန်ပစ်ခတ် တိုက်ပွဲ ၁ နာရီခန့် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
အလားတူ စက်တင်ဘာ ၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်အချိန်တွင်လည်း အဆိုပါ ယာဉ်တန်းကို တော်လှန် ရေး တပ်ဖွဲ့များက ဝကုန်းရွာ ၂၃မိုင်-၂၄မိုင် တွင် ထပ်မံ ကြားဖြတ် တိုက်ခိုက်ခဲ့ရာ မိနစ် အနည်းငယ် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို တိုက်ခိုက်မှုများ အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၆ ဦး ထိခိုက်သေဆုံးကာ ဒဏ်ရာရရှိသူများပြားကြောင်း၊ ထို့ပြင် ရိက္ခာပို့ ယာဉ်တန်းမှ ကားကြီး ၂ စီးနှင့် ကားငယ် ၁ စီးကိုလည်း တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက ထပ်မံ မီးရှို့ရှင်းလင်နိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် တိုက်ပွဲများ အတွင်း တော်လှန်ရေး ပူးပေါင်း မဟာမိတ်များဖြစ်သော ဒေါတပ်ခွဲ ၇ မှ ရဲဘော် ၁ ဦး နှင့် KNLA တပ်ရင်း ၁၂ မှ ရဲဘော် ၂ ဦး စုစုပေါင်း ၃ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း သိရှိရသည်။
“ဩဂုတ်လ ၂၁ ရက်နေ့က သင်္ကန်းတုန်းကျေးရွာမှာ ဖြစ်ပွားတဲ့ ရိက္ခာပို့ ယာဉ်တန်းကို ကျနော်တို့ ထပ်မံပြီးတော့ ၂ ကြိမ် ကြားဖြတ် တိုက်ခိုက်ခဲ့တာ စစ်ခွေး ကား ၃ စီးကို ထပ်ပြီးတော့ မီးရှို့ရှင်းလင်းနိုင်ခဲ့တယ်။ တိုက်ပွဲအတွင်းမှာလည်း စစ်ခွေး ၆ ကောင် ထိခိုက်သေဆုံးတယ်” ဟု Lark Guerilla Force အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို KNLA တပ်မဟာ (၄) တပ်ရင်း (၁၂)၊ က္လားသစ္ဏတ်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့၊ ဘီလုံးပြောက်ကျားတပ်ဖွဲ့၊ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (ONLA)၏ ဒူရကစစ်ကြောင်း၊ Fight For Freedom (FFD)တပ်ဖွဲ့၊ ဒေါနစစ် ကြောင်းတပ်ခွဲ(၇)၊ ထားဝယ်အရှေ့ တော ပြည်သူ့ကာကွယ်ရေးအင်အားစု (DEFPDF)၊ သံမဏိပျောက်ကြား(နဘယံ)တပ်ဖွဲ့၊ ထားဝယ်ခ ရိုင်အမှတ်(၂)တပ်ရင်း(T5)၊ အရှေ့ပိုင်းကာကွယ် ရေးတပ်ဖွဲ့ (CDF)၊ ဗထူးတပ်မတော်(BHA) နှင့် ဒေါင်း ညီနောင်စစ် ကြောင်းတို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

