ဂျပန်နိုင်ငံ တိုကျိုမြို့တွင် မြန်မာ့အရေးဝင်ရောက်စွက်ဖက်နေသည့် တရုတ်ကွန်မြူနစ်အစိုးရကို ကန့်ကွက်သည့် ချီတက်ဆန္ဒပြပွဲပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
တရုတ်ကွန်မြူနစ်အစိုးရသည် ဘန်ဒေါင်းသဘောတူညီချက်အားချိုးဖောက်ကာ မြန်မာ့အရေး ဝင်ရောက်စွက်ဖက်နေမှုများ ၊ အကြမ်းဖက်စစ်တပ်အပေါ် လက်နက်နှင့် နည်းပညာ ထောက်ပံ့နေမှုများ၊ နွေဦးတော်လှန်ရေး အင်အားစုများနှင့် EAOsများအပေါ် အလွန်အကျွံ ဖိအားပေး အကြပ်ကိုင်နေမှုများ ချက်ချင်းရပ်တန်ရန်နှင့် အကြမ်းဖက်စစ်တပ်ပြုလုပ်မည့် ရွေးကောက်ပွဲကို လုံဝ မထောက်ခံရန် ဆန္ဒပြခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။


