25 C
Yangon

မုံရွာ-မန္တလေး လမ်းပိုင်းတွင် စစ်သားများ လိုက်ပါလာသော ကုန်တင်ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၃

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေး လမ်းပိုင်းတွင် အကြမ်းဖက် စစ်သားများ လိုက်ပါလာသော ဒိုင်နာကုန်တင်ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း People’s Defense Force – South Monywa အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၂ ရက်နေ့ ညနေ ၅ နာရီ ၄၇ မိနစ်ခန့်တွင်ချောင်းဦးမြို့နယ် နတ်ရေကန် စစ်တပ်ဂိတ်မှ ထွက်လာသော စစ်သားများလိုက်ပါလာသည့် ဒိုင်နာ ၆ ဘီးကား ၁ စီးကို တော်လှန်ရေး တပ်ဖွဲ့များက နတ်ရေကန်နှင့် ရေပိုးစား အကြား နေလကျောက်ခွဲစက်အနီး၌ ပဒေသာမိုင်း ၃ လုံးဖြင့်မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုရှိပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ မိုင်းဆွဲ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်ဘက်မှ ပြန်လည် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“ချောင်းဦးမြို့နယ် နတ်ရေကန် စစ်ခွေးဂိတ်ကနေ ဒိုင်နာ ၆ ဘီးကား ၁ စီးနဲ့ ထွက်လာတဲ့ စစ်ခွေးတွေကို နတ်ရေကန်နဲ့ ရေပိုးစားအကြား နေလကျောက်ခွဲစက်အနီးမှာ ပဒေသာမိုင်း ၃ လုံး ၁ ပွိုင့်နဲ့ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေဘက်က ထိခိုက်မှု ရှိပေမယ့် အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘူး။ ကျနော်တို့ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်” ဟု People’s Defense Force – South Monywa အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို People’s Defense Force – South Monywa အဖွဲ့က ပြုလုပ်ခဲ့ပြီး ပြည်သူများ အနေဖြင့် လမ်းပိုင်း အသုံးပြုမှုများ သတိပြုသွားလာကြရန် South Monywa အဖွဲ့ က မေတ္တာရပ်ခံထားသည်။

ဓာတ်ပုံ- ကရင်နီတွင် မိုင်းဆွဲဖျက်ဆီးခံထားရသည့် အကြမ်းဖက်စစ်တပ်၏ စစ်ကား ၁ စီး။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article