25.3 C
Yangon

နမ့်ဆန်မြိုနယ်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် အသက် ၁၀ နှစ်အရွယ် မောင်ဇေယျာအောင်နှင့် အသက် ၁၃ နှစ်အရွယ် မောင်ထွန်းမျိုးအောင်တို့ သေဆုံး ၊ ကလေး ၆ ဦး အပါအဝင် ပြည်သူ ၉ ဦးထိမှန်ဒဏ်ရာရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၄

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA က သိမ်းပိုက်ထားသော နမ့်ဆန်မြိုနယ်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချမှုကြောင့် အသက် ၁၀ နှစ်အရွယ် မောင်ဇေယျာအောင်နှင့် အသက် ၁၃ နှစ်အရွယ် မောင်ထွန်းမျိုးအောင်တို့ သေဆုံးပြီး ကလေး ၆ ဦး အပါအဝင် ပြည်သူ ၉ ဦးထိမှန်ဒဏ်ရာရကြောင်း TNLA က သတင်းထုတ်ပြန်သည်။

ယနေ့ အောက်တိုဘာလ ၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၂၈ မိနစ်အချိန် နမ့်ဆန်မြိုနယ်၊ ဇယ်တုန်ဟုန်းကျေးရွာသို့ စစ်တပ်က တိုက်လေယာဉ်ဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းသို့ ဗုံးကျဲချမှုကြောင့် အသက် ၁၀ နှစ်အရွယ် မောင်ဇေယျာအောင် နှင့် အသက် ၁၃ နှစ်အရွယ် မောင်ထွန်းမျိုးအောင် ထိမှန်သေဆုံးသွားကြောင်း သိရှိရသည်။

ထို့ပြင် အသက် ၁၀ နှစ်အရွယ် မမြတ်ဝန်းချယ်၊ အသက် ၁၂ နှစ်အရွယ် မခင်ယုမေ၊ အသက် ၉ နှစ်အရွယ် မသန္တာစိုး၊ အသက် ၁၂ နှစ်အရွယ် မခင်လှပြည့်နှင်း၊ အသက် ၁၃ နှစ်အရွယ် မထွေးရီ၊ အသက် ၁၄ နှစ်အရွယ် မောင်ခန့်သူရိုန်မင်း ၊ အသက် ၄၀ နှစ်အရွယ် ဦးတောင်တန်း၊ အသက် ၆၀ နှစ်အရွယ် ဦးဖိုးရှမ်း နှင့် အသက် ၆၀ နှစ်အရွယ် ဦးပန်ကျန်းတို့မှာ ဗုံးကျချဲမှုကြောင့် ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ပြည်သူလူထု၏ နေအိမ် ၁၆ လုံးလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အလားတူ ယနေ့ နံနက်ပိုင်း စစ်တပ်က လေယာဉ်ဖြင့် သီပေါမြို့ နယ်၊ မန်ဟဲကျေးရွာတွင် ၁ ကြိမ် နှင့် အုံမုကျေးရွာတွင် ၁ ကြိမ် ဗုံးလာရောက်ကျဲချခဲ့ကြောင်း၊ အောက်တိုဘာလ ၂ ရက်နေ့တွင်လည်း သီပေါမြိုနယ် စံဖိတ်ကျေးရွာ ကုမုဒြာဟိုတယ်တွင် ပြည်သူလူထုရှိရာကို ရည်ရွယ်ချက်ရှိရှိ ပေါင် ၅၀၀ ဗုံး ၂ လုံး လာရောက်ကျဲချတိုက်ခိုက်မှုကြောင့် အဆောက်အဦး ၁ ခု ထိခိုက်ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အောက်တိုဘာလ ၂ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နမ္မတူမြိုတွင်းသို့ လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၁ လုံး လာရောက်ကျဲချခဲ့ရာ ပြည်သူလူထု ၃ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article