ကရင်ပြည်နယ် ဘုရားသုံးဆူမြို့တွင်သီတင်းကျွတ်လပြည်နေ့ ၌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအမြန်ဆုံးပြန်လည်ကောင်းမွန်စေရန်၊မတရားဖမ်းဆီးချုပ်နှောင်ထားခြင်းမှ အမြန်ဆုံး လွတ်မြောက်စေရန်အတွက် ဆုတောင်းပွဲပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဥ်းသားများအားလုံး အမြန်ဆုံး ပြန်လည်လွတ်မြောက်လာစေရန်အတွက်လည်း လွတ်မြောက်ခြင်း မီးပုံးများကို လွှတ်တင်ခဲ့ကြကြောင်း သိရှိရသည်။



