စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဖယောင်းတိုင်မီး သပိတ်ပြုလုပ်ခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေး ဆုတောင်းမေတ္တာပို့ခဲ့ကြပြီး ကျဆုံး အာဇာနည်များကို အောက်မေ့တမ်းတဂုဏ်ပြုခြင်း အခမ်းအနားပါ ကျင်းပခဲ့ကြောင်း သိရှိရသည်။


