28.9 C
Yangon

ပြည်မြို့နယ်၊ ပေါင်းတလည် ပျူစောထီး ခေါင်းဆောင် လှမြင့် တော်လှန်ရေးတပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးပြီးနောက် သားဖြစ်သူ စိုင်းသီဟက ပျူ ခေါင်းဆောင် နေရာရယူ၊ ပေါင်းတလည်ရဲစခန်းသို့ မိသားစုဝင်များအားလုံး ပြောင်းရွေ့နေထိုင်

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၂

ပဲခူးတိုင်း၊ ပြည်မြို့နယ်တွင် ပေါင်းတလည် ပျူစောထီး ခေါင်းဆောင် လှမြင့် သေဆုံးပြီးနောက် သားဖြစ်သူ စိုင်းသီဟ က ပျူစောထီး ခေါင်းဆောင် နေရာရယူလိုက်ကာ မိသားစုဝင် အားလုံး ပေါင်းတလည်ရဲစခန်းတွင် ပြောင်းရွေ့နေထိုင်ကြကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၆ ရက်နေ့ နံနက် ၁၀ နာရီခန့်အချိန် ပြည်မြို့နယ် ပေါင်းတလည် အပိုင် ခွေးရဲချင်ရုပ်ကုန်းကျေးရွာမှ ပျူစောထီး ခေါင်းဆောင် လှမြင့်ကို ဝန်တင်ဆိပ်ကျေးရွာအနီး ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၁ ကွပ်ကဲမှုအောက်ရှိ ပြည်ခရိုင် တပ်ရင်း ၂၊ ၃၆ဝ၂ တပ်ရင်း နှင့် ပြည်ခရိုင် တပ်ရင်း ၁၊ ၃၆ဝ၁ တပ်ရင်း ရဲဘော်များက အရှင် ဖမ်းဆီးရမိခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီးရမိပြီးနောက် စစ်ဆေးမေးမြန်းရန် ခေါ်ဆောင်လာစဉ် ပြန်လည်ခုခံ ထွက် ပြေးထွက်ပြေး၍ လိုက်လံပစ်ခတ်ဖမ်းဆီးသောအခါ လှမြင့် ကျည်ထိမှန်ပြီး ပွဲချင်းပြီးသေဆုံးခဲ့သည်။

ထိုသို့ လှမြင့်သေဆုံးပြီးနောက် ကျန်ရှိနေသော ပျူစောထီးအဖွဲ့ဝင်များကို သားဖြစ်သူ စိုင်းသီဟ က ဆက်လက် အုပ်ချုပ်နေပြီး ပျူစောထီးခေါင်းဆောင် ရာထူးကို ဆက်လက် ခံယူထားကြောင်း၊ သို့သော် စိုင်းသီဟသည် ခွေးရဲချင်ရုပ်ကုန်းကျေးရွာတွင် ဆက်လက် နေထိုင်ရဲခြင်းမရှိတော့သောကြောင့် ပေါင်းတလည်ရဲစခန်းသို့ မိသားစုဝင်များအားလုံး ပြောင်းရွှေ့နေထိုင်နေပြီး ပျူစောထီးများကို အဝေးမှ လှမ်းအုပ်ချုပ်နေကြောင်း သိရှိရသည်။

“ပေါင်းတလည်နယ်မြေ ခွေးရဲအုပ်စုချင်ရုပ်ကုန်းရွာက အရှင်းခံရတဲ့ ပျူစောထီး ခေါင်းဆောင် လှမြင့်ရဲ့ သားဖြစ်သူ စိုင်းသီဟ(ခ) ချိုကြီးက သူ့အဖေ မရှိလည်း အဖွဲ့ပျက်မသွားဘူး။ သူဦးဆောင်မယ်လို့ ကြုံးဝါးနေတယ်။ ဒါပေမယ့် သူက ခွေးရဲအုပ်စုချင်ရုပ်ကုန်းရွာမှာ မနေရဲတော့ဘဲနဲ့ ပေါင်းတလည်ရဲစခန်းမှာ မိသားစုလိုက်သွားနေတယ်လို့ သိရပါတယ်။ ပျူစောထီးတွေက အဝေးကနေ လှမ်းအုပ်ချုပ်နေတယ်” ဟု ဒေသပြည်များက ပြောဆိုသည်။

လှမြင့်၏ သားဖြစ်သူ စိုင်းသီဟ ဆိုသူကလည်း ကျန်ရှိနေသော ပျူစောထီးအဖွဲ့ဝင်များကို လိုက်လံ စုဆောင်း ခြင်း၊ ကျေးရွာအတွင်းရှိ လူငယ်များ၏ အချက်အလက်များ ကောက်ယူ၍ ပေါင်းတလည်ရဲစခန်းနှင့် စစ်ကော်မရှင်၏ လူကြီးပိုင်းများထံ သတင်းများပေးပို့ခြင်း၊ စစ်ကော်မရှင် အမည်ခံ အကြမ်းဖက်စစ်တပ်က ပြုလုပ်မည့် ရွေးကောက်ပွဲအား ကူညီခြင်းများအပြင် ၎င်းဦးစီးသော ပျူစောထီးအဖွဲ့က ပေါင်းတလည်မြို့ပေါ်နှင့် ကျေးရွာများတွင် ဧည့်စာ ရင်း စစ်ခြင်း၊ အတင်းအဓမ္မ စစ်မှုထမ်းသစ်ခေါ်ယူခြင်းနှင့် ပေါ်တာဆွဲ ဖမ်းဆီးခြင်းများကိုလည်း ဆက်လက် လုပ်ဆောင်နေကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article