တောင်ကိုရီးယားနိုင်ငံ ဂယောင်ဂျူးမြို့တွင် စစ်အာဏာသိမ်းမှုအလိုမရှိ ဆန့်ကျင်ဆန္ဒပြပွဲနှင့် ဂယောင်ဂျူးဘိုဂွမ်းညီအကိုများက အိမ်ရှင်အဖြစ် မတည်ကာ ရန်ပုံငွေထောက်ပို့နိုင်ရေးဖလားဘောလုံးပြိုင်ပွဲကို ‘ငါတို့သည်သာငါတို့အားမာန်’ အမည်ဖြင့် ကျင်းပခဲ့ကြသည်။
အခမ်းအနားတွင် ဦးလှိုင်ဝင်( U.K) ကိုဇော်မိုးအောင်၊ ကိုရီးယားကူညီရေးစင်တာ (အူဆန်) ဧည့်သည်တော်များက အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း၊ နွေဦးတော်လှန်ရေးတက်ကြွလှုပ်ရှားသူဒယ်ဂူးဘုန်းဘုန်းက တိုင်းရင်းသားအားလုံး ချစ်သောစိတ်သည် အရာအားလုံးကို အောင်နိုင်၏ ဆိုသည့်အတိုင်း ချစ်သောစိတ်ကိုလက်ဆုပ်လက်ကိုင်ပြုကာ အာဏာရှင်ကျဆုံးသည့်အထိ ဆက်လက်တိုက်ပွဲဝင်ကြရန် အားပေးစကားပြောကြားခဲ့ကြောင်း သိရှိရသည်။


