29 C
Yangon

သီပေါတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က အပြင်းအထန်ထိုးစစ်ဆင်နေ၊ တောင်သာမြို့နယ် ထနှောင်းကုန်း ပျူကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု ပျူစောထီး ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၄

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA သိမ်းပိုက်ထားသော သီပေါမြို့နယ်သို့ စစ်တပ်က အပြင်းအထန်ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲများ ပြင်းထန်နေကြောင်း TNLA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

အောက်တိုဘာလ ၁ ရက်နေ့ ကျောက်မဲမြို့ကို စစ်တပ်က ပြန်လည် သိမ်းပိုက်ပြီးနောက် သီပေါမြို့ကို ပြန်လည် သိမ်းပိုက်ရန် စစ်ကြောင်းများခွဲ၍ အလုံးအရင်းဖြင့် ထိုးစစ်ဆင်လာကြောင်း၊ ယနေ့ အောက်တိုဘာလ ၁၄ ရက်နေ့ အထိ တိုက်ပွဲများ ပြင်းထန်နေကာ စစ်တပ်က သီပေါမြို့အနားအထိ ချည်းကပ်လာနေကြောင်း ၊ စစ်တပ်က ဒရုန်းနှင့် လက်နက်ကြီးများကို အဆက်မပြတ် ပစ်ခတ်ပြီး မြေပြင်တွင် အဟုန်ထိုး ထိုးစစ်ဆင်လာနေကြောင်း သိရှိရသည်။

“သီပေါမြို့ပေါ်နဲ့ဆိုရင် သိပ်မလိုတော့ဘူး။ ၄ မိုင်ပတ်ချာလည်လောက်မှာ ရောက်လာတာ။ ကျောက်မဲကျပြီးကတည်းက တောက်လျှောက် ထိုးစစ်ဆင်နေတာ။ လက်နက်ကြီးတွေ တောက်လျှောက်ပစ်တယ်။ ဒရုန်းတွေနဲ့ ဗုံးကျဲတယ်။ ပြီးတော့ မြေပြင်ကနေ စစ်ကြောင်းတွေ တက်တယ်။ ပူးပေါင်းတပ်တွေကတော့ ခုခံမှုတွေ ဆက်လုပ်နေပါတယ်။ တိုက်ပွဲတွေကတော့ ပြင်းထန်နေတုန်းပဲ” ဟု TNLA သတင်းရင်းမြစ်က ပြောဆိုသည်။

အခြားတစ်ဖက်တွင်လည်း စစ်တပ်က TNLA သိမ်းပိုက်ထားသော မြို့များကို လေယာဉ်များဖြင့် ဗုံးကျဲမှုများ ဆက်တိုက် လုပ် ဆောင်နေကာ ပြည်သူများ ထိခိုက်သေဆုံးမှု ရှိကြောင်း၊ TNLA က တရား၀င် သတင်းထုတ်ပြန်ထားသည်။

အလားတူ မန္တလေးတိုင်း၊ တောင်သာမြို့နယ် ထနှောင်းကုန်း ပျူစောထီး ကျေးရွာကို တော်လှန်ရေးတပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ပျူစောထီး ၁ ဦးသေဆုံး ပြီး ၂ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ပုဂံဂဠုန်တပ်ဖွဲ့ တာ၀န်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

​အောက်တိုဘာလ ၁၃ရက်နေ့ တောင်သာမြို့နယ် ထနှောင်းကုန်း ပျူစောထီး ကျေးရွာကို ၆၀ မမ လက်နက်ကြီး ၁၀လုံးဖြင့် တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်းယ ပျူရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ပျူ​စောထီး ၁ ဦးသေဆုံးကာ၊ ၂ ဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း၊ တော်လှန်ရေး ရဲဘော်များအနေဖြင့် အထိအခိုက်မရှိ ပြန် လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်းသိရှိရသည်။

“အဲဒီမှာ ပျူစောထီး အင်အားက ၈၀ခန့် ရှိပါတယ်။ အောက်တိုဘာလ ၁၃ရက်နေ့ တိုက်ခိုက်ခဲ့တာပါ။ ၆၀ မမ လက်နက်ကြီး အချက်ရေ ၁၀လုံးနဲ့ ပစ်ခတ်ခဲ့တာပါ။ မြင်းခြံမြို့ပေါ်ကပျူစောထီးတွေနဲ့ပဲ ပေါင်းထားတာ အကုန်ပျူစောထီးတွေလို့သိထားရပါတယ်။ ပျူစောထီး ၁ ဦးသေဆုံးတယ် ၂ ဦး ထိခိုက်ဒဏ်ရာရှိတယ်။ စစ်ခွေးတွေ ဘက်ကလည်း ၆၀ မမ လက်နက်ကြီးတွေနဲ့ ပြန်ပစ်တာမျိုးတွေရှိတယ်။ အချိန်မနှောင်းမီ လက်နက်ချပြီး ပြည်သူလူထုနဲ့ အမြန်ပူးပေါင်းကြဖို့ အသိပေးချင်ပါတယ် “ဟု ပုဂံဂဠုန်တပ်ဖွဲ့ တာ၀န်ခံက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article