ဒီကနေ့ အောက်တိုဘာ ၁၄ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
မြန်မာစစ်တပ်က ကျင်းပမည့် ရွေးကောက်ပွဲကို အာဆီယံဘက်ကနေ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေ စေလွှတ်လို့ မရှိဘူးလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက တရားဝင် ထုတ်ဖော်ပြောဆို လိုက်ပါတယ်။
ကရင်ပြည်နယ်က အာရှလမ်းမကြီး ပြန်လည် ဖွင့်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ပြီးနောက် သောင်ရင်းမြစ် ဘေးက စစ်တပ်လက်အောက်ခံ BGF ဂိတ်တွေနဲ့ KNU/KNLA-PC ဂိတ်တွေကို စစ်တပ်နဲ့ဌာနပေါင်းစုံကပဲ ပြန်လည်ဝင်ရောက်စစ်ဆေးမှုတွေ လုပ်နေတယ်လို့ မြ၀တီအခြေစိုက် စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
အကြမ်းဖက် စစ်တပ်က လက်ရှိ သူတို့ထိန်းချုပ်ရာ နယ်မြေမှာရှိတဲ့ တောင်ကြီးတန်ဆောင်တိုင်ကို ရိုးရာယဥ်ကျေးမှုထက် ဝါဒဖြန့်ဖို့အတွက်သာ ရည်ရွယ် ပြုလုပ်ဖို့ စီစဉ်နေပြန်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
