ရန်ကုန်၊ ဇွန် ၃၀
ထိုင်းနိုင်ငံဘက်သို့ အကြမ်းဖက်စစ်ကောင်စီတပ်၏ တိုက်လေယာဉ် ယနေ့ နံနက် ပိုင်း ကျူးကျော်ဝင်ရောက်ပြီးနောက် ယင်းကဲ့သို့ ထပ်မံ မဖြစ်ပွားစေရ ဟု မြန်မာလေတပ်စစ် ဦးစီးချုပ်က ထိုင်းလေတပ်စစ်ဦးစီးချုပ်ကိုတောင်းပန်ကြောင်း ဘန်ကောက်ပို့စ်သတင်းစာက ယနေ့ သတင်းဖော်ပြရေးသားသည်။
ယနေ့ နံနက်ပိုင်း ထိုင်းစံတော်ချိန် ၁၁ နာရီကျော်ဝန်းကျင်တွင် မြန်မာစစ်တပ် ၏ တိုက်လေယာဉ် ၁ စီး ထိုင်းနိုင်ငံဘက်သို့ ကျူးကျော်ဝင်ရောက်ခဲ့ပြီး ယင်းသို့ ဝင်ရောက်မှုကြောင့် ထိုင်းပြည်သူများ ထိတ်လန့်စွာ ထွက်ပြေးကြကြောင်း၊ ထိုင်းနိုင်ငံ၊ ဖုတ်ဖရမြို့နယ်မှ ကျောင်း ၂ ကျောင်းပိတ်လိုက်ရကြောင်း၊ ယင်းဖြစ်စဉ် ဖြစ်ပွားသည်နှင့်ထိုင်းလေတပ်မှ F-16 တိုက်လေယာဉ် ၂ စီး ချက်ချင်းစေလွှတ် ကင်းလှည့်ခဲ့ကြောင်း၊ ထိုင်းဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီး ပရာယွတ် နှင့် ထိုင်းတော်ဝင်လေတပ်အကြီးအကဲ ACM Napadej Dhupatemiya တို့ဆွေးနွေးကာ ထိုင်းလေပိုင်နက်ကို ကာကွယ်ရေး ထိုင်းဝန်ကြီး ချုပ်က အမိန့်ပေးခဲ့ ကြောင်း ဘန်ကောက်ပို့စ်သတင်းက ဆိုသည်။
ယင်းနောက် ထိုင်းလေတပ် စစ်ဦးစီးချုပ် ACM Napadej Dhupatemiya က မြန်မာအကြမ်းဖက် စစ်ကောင်စီထံချက်ချင်း ဖုန်းဆက် အကြောင်းကြားခဲ့ပြီး မြန်မာလေတပ်စစ်ဦးစီးချုပ်က “ထိုကဲ့သို့ ထပ်မံ မဖြစ်ပွားစေရ”ဟုဝန်ချတောင်း ပန် သွားကြောင်း ဘန်ကောက်ပို့စ်သတင်းက ရေးသား ဖော်ပြထားသည်။
ဓာတ်ပုံ- ထိုင်းလေတပ် စစ်ဦးစီးချုပ် ACM Napadej Dhupatemiya။