28 C
Yangon

Khit Thit သတင်းဌာန၏ ဇူလိုင် ၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

 By ရန်ကုန်ခေတ်သစ် 

ဒီကနေ့ ဇူလိုင် ၁ ရက် နေ့လယ်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့

– ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ၊ လေးကေ့ကော် ဒေသမှာရှိတဲ့ တောင်ကုန်း တခုပေါ်ကို ဇွန်လ ၂၉ ရက်နေ့ ညနေပိုင်းမှာ လက်နက်ကြီး ပစ်ကူပြီး ၂ ကြိမ် စစ်ကြောင်း ထိုးတက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် နဲ့ Cobra စစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

– ကရင်နီပြည်နယ်၊ လွိုင်ကော်-လောပိတ လမ်းမကြီးပေါ်မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ ရိက္ခာသယ် ပို့တဲ့ ကား ၁ စီးကို ဇွန်လ ၃၀ ရက်နေ့  မနက် ၉ နာရီဝန်းကျင်လောက်မှာ  ကင်းလှည့်နေတဲ့ KNDF တပ်ရင်း ၁၀ တပ်ဖွဲ့က တွေ့ရှိပြီး ပစ်ခတ်ရှင်းလင်းရာမှာ စစ်ကောင်စီဘက်က ၄ ဦး သေဆုံးခဲ့ပြီး အဲ့ဒီ့ထဲ မှာ ရဲအုပ် ဝင်းဇော်သိန်းဆိုသူ ပါဝင်တယ်လို့ သိရပါတယ်။

– ကရင်နီပြည်နယ် နဲ့ ရှမ်းပြည်နယ်အစပ် ဖယ်ခုံမြို့နယ်က လွယ်မကူး-ရွာ‌တောင် နဲ့ လွယ်ဟယ်-ရွာတို့မှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကို ဒီကနေ့ ဇွန်လိုင်လ ၁ ရက်နေ့ မနက်ပိုင်းမှာ  အလယ် ပိုင်းတိုင်း အထူးစစ်ဆင်ရေး Sniper အဖွဲ့ နဲ့ Fighter အဖွဲ့တို့က စနိုက်ပါနဲ့ ပစ်ခတ်ရာမှာ အကြမ်းဖက် စစ်ကောင်စီဘက်က ၇ ဦး သေဆုံးသွားတယ်လို့ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးက သတင်းထုတ် ပြန်ထားပါတယ်။

-မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်း- နယ်မြေ ရဲစခန်းကို ဇွန်လ ၂၉ ရက်နေ့ မနက်ပိုင်းမှာ  ဒေသကာ ကွယ်ရေးတပ်ဖွဲ့တွေကနေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စခန်း ၁ ခုလုံး နီးပါး ပျက်စီးသွား တဲ့အပြင် ၊ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၈ ဦးသေဆုံးခဲ့တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article