27 C
Yangon

ဖာပွန်တွင် နယ်ကျွံ့လာသည့် စစ်တပ်၏ အိမ်စီးကား ပစ်ခတ်တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး ၊ ၄၀ မမ ဗုံးပစ်လက်နက် အပါအဝင် လက်နက် ၅ လက်နှင့် ခဲယမ်းများရရှိ

Must read

ရန်ကုန်၊ ဇူလိုင် ၁ 

ကရင်ပြည်နယ်၊ ဖာပွန်မြို့၊ KNU တပ်မဟာ ၅ နယ်မြေ အတွင်းသို့ နယ်ကျွံ့လာသည့် စစ်ကောင်စီတပ်၏ အိမ်စီးကား ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံး ကာ ၄၀ မမ ဗုံးပစ်လက်နက် အပါအဝင်လက်နက် ၅ လက်နှင့် ခဲယမ်းများရရှိကြောင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)က သတင်းထုတ်ပြန်သည်။ 

ယနေ့ ဇူလိုင် ၁ ရက်နေ့ နံနက် ၁၁ နာရီအချိန်  ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) မှ တပ်ဖွဲ့ဝင်မျာက  KNU/KNLA တပ်မဟာ ၅၊ ဖာပွန်မြို့အနီး ရှေ့တန်းတစ်နေရာ၌ မိုင်းထောင်/ကင်းပတ်နေစဥ်  စစ်ကောင်စီတပ်ဖွဲ့ဝင်များမောင်းနှင်လာသည့် ကားငယ်တစ်စီး နယ်ကျွံဝင်လာသည့်အတွက် မိနစ်(၂၀)ခန့် တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်း၊   အဆိုပါကားမှာ ပျက်စီးသွားပြီး ကားပေါ်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးစလုံး သေဆုံးကြောင်း သိရှိရသည်။ 

သေဆုံးသွားသော စစ်သား ၅ ဦးထံမှ  ၄၀ မမ – ၁ လက်၊ AK – ၂ လက်၊ M4 carbine – ၁ လက်၊ G3 – ၁ လက်၊လက်ပစ်ဗုံး – ၃ လုံး၊ ကျည်နှင့် ရိက္ခာအနည်းငယ်တို့ကို သိမ်းဆည်းရရှိထားကြောင်း  ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က သတင်းထုတ်ပြန်သည်။ 

ဓာတ်ပုံ- BPLA တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article