27 C
Yangon

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၃၉ ရှိ စစ်တပ်ဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံးပြီး ဗိုလ် ၁ ဦး ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၃

နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် အမှတ် ၂၃၉ ရှိ အကြမ်းဖက် စစ်တပ်ဂိတ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးပြီး ဗိုလ် ၁ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း PDF – Tatkon Battalion 803 မှ တပ်ရင်းမှူး ရဲဘော်ရာမွန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် တပ်ကုန်းမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၂၃၉ ရှိ အကြမ်းဖက် စစ်တပ်၏ လေးက တံတားဂိတ်စခန်းကို နေပြည်တော်တပ်ကုန်း PDF တပ်ရင်း အမှတ် ၈၀၃ မှ တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုထိတွေ့ တိုက်ပွဲသည် မိနစ် ၃၀ မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၂ ဦးသေဆုံးကာ ဗိုလ် ၁ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံတင်ထားရကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေး အင်အားက ၁၅ယောက် လောက်ရှိမယ်။ ဂိတ်စခန်း အသေးပါ။ စစ်ခွေးသေစာရင်း ထပ်တိုး သေဆုံးတာမျိုး မကြားမိဘူး။ ကျနော်တို့ကတော့ နေပြည်တော် တိုင်းစစ်ဌာန တပ်တွေဖြစ်လို့ နေပြည်တော် အဝန်းအဝိုင်းကို ပြောက်ကျားတိုက်ခိုက်ဖို့ အမြဲ ကြိုးစားနေမှာပါ” ဟု PDF – Tatkon “Battalion 803” မှ တပ်ရင်းမှူး ရဲဘော်ရာမွန်က ပြောဆိုသည်။

ထို တိုက်ခိုက်မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး အမြန်လမ်း အနောက်ဘက်ခြမ်း ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ထိုးနေ၍ ကျေးရွာနေပြည်သူများ စစ်ရေးသတိဖြင့် သွားလာနေထိုင်ကြရန် တပ်ရင်းမှူး ရဲဘော်ရာမွန်က ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article