22 C
Yangon

မိုးညိုမြို့ပေါ်တွင် ရွေးကောက်ပွဲမဲစာရင်း လာရောက် စစ်ဆေးသူမရှိသောကြောင့် စစ်တပ်က တစ်အိမ်လျှင် လူ ၁ ဦးနှုန်း မဲစာရင်း လာရောက် စစ်ဆေးရန် ဖိအားပေး ခြိမ်းခြောက် ခေါ်ဆောင်နေ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၅

ပဲခူးတိုင်း၊ မိုးညိုမြို့ပေါ်တွင် ရွေးကောက်ပွဲမဲစာရင်း လာရောက် စစ်ဆေးသူမရှိသောကြောင့် အကြမ်းဖက် စစ်တပ်က တစ်အိမ်လျှင် လူ ၁ ဦးနှုန်း မဲစာရင်း လာရောက် စစ်ဆေးရန် ဖိအားပေး ခြိမ်းခြောက် ခေါ်ဆောင်နေကြောင်း ဒေသပြည်သူများ ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့တွင် မိုးညိုမြို့ပေါ်ရှိ မြို့မ ရပ်ကွက် အုပ်ချုပ်ရေးမှူး ခင်လတ်နှင့် ရွှေဥဒေါင်းရပ်ကွက် အုပ်ချုပ်ရေးမှူး မြသန်း တို့ ဦးဆောင်ကာ ရွေးကောက်ပွဲမဲစာရင်းများ တစ်အိမ်လျှင် လူ ၁ ဦးနှုန်း မဲစာရင်း လာရောက် စစ်ဆေးရန် ဖိအားပေး ခြိမ်းခြောက် ခေါ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖိအားပေး ခြိမ်းခြောက် ခေါ်ဆောင်ခြင်းကြောင့် ရပ်ကွက်ရုံ၌ ပြည်သူ အများအပြားရောက်ရှိလာသည်ကို ဓာတ်ပုံရိုက်၍ ပြည်သူများ ရွေးကောက်ပွဲကို ရာနှုန်းပြည့် စိတ်ဝင်စားနေသည်ဟုဆိုကာ ကြွေးကြော်နေကြောင်း၊ ထို့သို့ မဲစာရင်း လာရောက် စစ်ဆေးခြင်းမရှိသော ပြည်သူများကိုလည်း အကြမ်းဖက် စစ်တပ် ခေါ်၍ ဖမ်းဆီးခိုင်းရန် လုပ်ဆောင်နေကြောင်း သိရှိရသည်။

“မိုးညိုမြို့ပေါ်မှာ အကြမ်းဖက် စစ်ခွေးတပ်က ပြုလုပ်မယ့် ရွေးကောက်ပွဲကို ပြည်သူတွေ စိတ်ဝင်စားတယ်လို့ ဝါဒဖြန့်ဖို့ မြို့မရပ်ကွက်အုပ်ကြီး ခင်လတ်နဲ့ ရွှေဥဒေါင်းရပ်ကွက် အုပ်ကြီး မြသန်းတို့ ဦးစီးပြီး ပြည်သူတွေကို တစ်အိမ်ကို လူ ၁ ဦးနှုန်း မဲစာရင်း လာရောက် စစ်ဆေးရမယ်လို့ ဖိအားပေူး ခြိမ်းခြောက်ခေါ်ဆောင်လို့ မနေ့က ပြည်သူတွေ မဲစာရင်းသွားကြည့်ရတယ်။ အဲတာကို အုပ်ကြီးတွေက ဓာတ်ပုံရိုက်ပြီး ယူသွားတယ်။ မလာတဲ့သူတွေကို စစ်တပ်ခေါ် ဖမ်းမယ်လို့ လုပ်ဆောင်နေပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အဆိုပါ အုပ်ချုပ်ရေးမှူး မြသန်းသည် ရွှေဥဒေါင်းမြို့နယ် အတွင်း လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရာတွင် အမည်ဆိုးဖြင့် ကျော်ကြားသူဖြစ်ပြီး ရပ်ကွက်အတွင်း နေထိုင်သော လူငယ် အများအပြားလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ ထို့ပြင် ရပ်ကွက်အတွင်း စစ်မှုထမ်းကြေးဟုဆိုကာ လစဉ် ငွေကျပ် ၃၀၀၀၀ ကောက်ခံနေကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article