မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်နှင့် ဘီလင်းမြို့နယ် အစပ်ရှိ ရန်ကုန်- မော်လမြိုင် လမ်းပိုင်းတွင် ကင်းပုန်းဝပ်နေသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း ၇၈၀၅ တပ်ခွဲ ၄ ၊သပြေညို Drone တပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ၈ နာရီ ၅၄ မိနစ်ခန့်အချိန် ရန်ကုန်-မော်လမြိုင် လမ်းပိုင်း ကျိုက်ထိုမြို့နယ် နှင့် ဘီးလင်းမြို့နယ် အကြားရှိ သပြေနီပရဟိတကျောင်း ကြက်မောက်ခြံအတွင်း ကင်းပုန်းဝပ်နေသော စစ်သားများကို သထုံခရိုင် တပ်မဟာ (၁) PDF တပ်ရင်း ၇၈၀၅ တပ်ခွဲ (၄) သပြေညို Drone တပ်ဖွဲ့က ဒရုန်းဖြင့် ဗုံး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း ၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၂ ဦးသေဆုံးပြီး ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
“စစ်ခွေးသေစာရင်း ထပ်တိုးသေဆုံးတာမျိုး မကြားရသေးပါဘူး။ စစ်ခွေးတွေဘက်ကတော့ လက်နက်ငယ်တွေ ဆက်တိုက် ပစ်ဖောက်နေတာတော့ ကြားရပါတယ်။ ကျနော်တို့ရတဲ့နည်းနဲ့ ပုံစံမျိုးစုံ စစ်အာဏာရှင်စနစ်ကို ဆက်လက် သွားပါ့မယ်” ဟု တပ်ရင်း ၇၈၀၅ တပ်ခွဲ (၄) သပြေညို Drone တပ်ဖွဲ့ မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို သထုံခရိုင် တပ်မဟာ ၁ PDF တပ်ရင်း ၇၈၀၅ တပ်ခွဲ ၄၊ သပြေညို Drone တပ်ဖွဲ့မှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။




