ဒီကနေ့ နိုဝင်ဘာ ၁၆ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-မကွေးတိုင်း၊ ပေါက်မြို့နယ် အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ခဲ့ ရာမှာ စစ်သား ၁၇ ယောက်သေဆုံးပြီး ၃ ဦး အရှင်ဖမ်းမိ ကာ လက်နက် ၅ လက် သိမ်းဆည်းရရှိခဲ့တဲ့အပြင် အကြမ်းဖက်စစ်တပ်က သူတို့ရဲ့စစ်သား အလောင်း တွေ ကို လမ်းဘေးမှာ စွန့်ပစ်ခဲ့တယ်လို့ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ တောင်ကျောင်း ရွာမှာ စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေတဲ့ အုပ်ချုပ်ရေးမှူး သောင်းဝင်း ကို ပစ်ခတ်တိုက်ခိုက်ခဲ့ တာကြောင့် သေဆုံးခဲ့တယ်လို့ နတ်မောက်ဂဠုန် PDF အဖွဲ့ ရဲ့ ဗိုလ်အောင်ဒင်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ဝမ်ပေါင်ကုမ္ပဏီမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်တပ်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုရှိတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




