31 C
Yangon

ကြို့ပင်ကောက်မြို့နယ်၊ မြို့လယ်ချောင်းရဲကင်းဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၈

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ မြို့လယ်ချောင်းရဲကင်းဂိတ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂ ဦးသေဆုံးခဲ့ကြောင်း တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ တာဝန်ခံ ဗိုလ်မိုးသီးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက် အစောပိုင်း ၄ နာရီခန့်တွင် ကြို့ပင်ကောက်မြို့နယ်၊ ရှမ်းကွင်းကျေးရွာအုပ်စုရှိ မြို့လယ်ချောင်း ရဲကင်းဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ မျက်မြင် ၂ ဦးသေဆုံးခဲ့ပြီး စစ်တပ် ကင်းပုန်းနှင့်လည်း ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ကျနော်တို့ လက်နက်တွေတော့ သိမ်းဆည်းရမိတာမရှိဘူး။ အဲရဲကင်းမှာ စစ်ခွေး ၅ ကောင်ပဲရှိတယ်လို့ သတင်းရပြီး ဝင်တိုက်တာ စစ်ခွေး ကင်းပုန်းနဲ့ပါ ထပ်တိုးလို့ ပြန်လည် ဆုတ်ခွာခဲ့ရတယ်။ ကျနော်တို့ လက်နက်ငယ်တွေနဲ့ပဲ ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး မျက်မြင် ၂ ကောင် သေဆုံးပါတယ်” ဟု တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ တာဝန်ခံ ဗိုလ်မိုးသီးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ မှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article