27 C
Yangon

ဂန့်ဂေါမြို့နယ်ရှိ စစ်တပ်၏ အမှတ် ၂ ရွှေပင်ရွာဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦး သေဆုံးပြီး စစ်တပ်က ရွှေပင်ရွာရှိ နေအိမ် ၃၀ ခန့်ကို မီးရှို့ ဖျက်ဆီး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၈

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ အမှတ် ၂ ရွှေပင်ရွာဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ဗိုလ် ၁ ဦး သေဆုံးပြီး စစ်တပ်က ရွှေပင်ရွာကို ရွာလုံးကျွတ် မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ယောကာကွယ်ရေးတပ် စစ်ဒေသရုံး ဦးဆောင်ကော်မတီ -YDF မှ ပြန်ကြားရေး တာဝန်ခံ ကိုနေက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ဂန့်ဂေါမြို့နယ်၊ ကျောမြို့ ကပစ ၂၃ စက်ရုံသွားရာလမ်းရှိ စစ်တပ်၏ အမှတ် ၂ ရွှေပင်ရွာ၌ အထိုင်ချတပ်စွဲထားသော အင်အား ၂၀ ခန့်ရှိသည့် စစ်တပ်ဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ဗိုလ် ဆရာချမ်း ဆိုတဲ့သူ သေဆုံးခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားနေစဉ် အတွင်း ကပစ ၂၃ ဘက်မှ သံပြားကာကား ၃ စီး ဖြင့် တပ်အကူများ ရောက်ရှိလာပြီး လက်နက်ကြီး အ‌မြောက်အများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် တော်လှန်ရေး ရဲဘော်များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

“စစ်ခွေးသေစာရင်းက တစ်ပွင့်ဗိုလ် ဆရာချမ်း ဆိုတဲ့သူ တစ်ဦးသေဆုံးတယ်လို့ သိရတယ်။ စစ်ခွေးတွေဘက်က ထပ်တိုးသေဆုံးတာတော့ မသိရသေးဘူး။ စစ်ခွေးတွေဘက်က ထိခိုက် ပျက်စီးမှု အခြေအနေကိုတော့ ကျွန်တော်တို့ ထပ်ပြီးတော့ စုံစမ်းနေတုန်းပါ။ အဲဂိတ်က အာဏာမသိမ်းခင်ကတည်းက ကပစ ၂၃ ရဲ့ အထိုင်ဂိတ်ပါ။ ဂိတ်မှာက စစ်ခွေးအင်အား ၂၀ ခန့်ရှိတယ်။ ကျွန်တော်တို့ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု ယောကာကွယ်ရေးတပ် စစ်ဒေသရုံးဦးဆောင်ကော်မတီ -YDF မှ ပြန်ကြားရေး တာဝန်ခံ ကိုနေက ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို ဂန့်ဂေါခရိုင် တပ်ရင်း အမှတ် (၁၈၊၁၉)၊ ယောကာကွယ်ရေးတပ် (YDF)မြေပြင်စစ်ဒေသရုံးချုပ်၊ကျောမြို့ (ပ က ဖ)တို့မှ ဂန့်ဂေါမြိုနယ် (ပကဖ) ဒုစစ်ရေးတာဝန်ခံ ဦးစီးပြီး ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်။

ထိုသို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က ရွှေပင်ရွာကို ဝင်ရောက် စီးနင်းပြီး နေအိမ် ၃၀ ခန့်ကို မီးရှို့ ဖျက်ဆီးကာ ပြည်သူ ၆ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီးထားသော ပြည်သူများကို စစ်ကြောင်း ပြန်လည် ဆုတ်ခွာချိန်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article