29 C
Yangon

မန္တလေး-မုံရွာ လမ်းပိုင်းတွင် စစ်ယာဉ်တန်းကို မိုင်းဆွဲမှု စစ်တပ်ဘက်မှ ၅ ဦး ထိခိုက်သေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၂

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မန္တလေး-မုံရွာ လမ်းပိုင်းတွင် စစ် ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော်တပ်ရင်း ၄၊ တပ်ခွဲ ၂ တပ်ခွဲမှူး ကိုဝိုင်ဖိုင်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်အချိန် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ သံပြားကာ ကား ၃ စီးဖြင့် ထွက်လာသော အကြမ်းဖက် စစ်သားများသည် မုံရွာမြို့နယ် မအူဂိတ်သို့ ဝင်ရောက်သွားပြီးနောက် Faw ကား ၁ စီး၊ ၁၂ ဘီးကား ၁ စီးဖြင့် ထပ်မံ ထွက်လာစဉ် တော်လှန်ရေး တပ်ဖွဲ့များက စွမ်းရည်ထက်ဂိတ်နှင့် မြေနဲဂိတ်အကြားတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ Faw ကားပေါ် လိုက်ပါလာသော စစ်သား ၅ ဦး ထိခိုက်သေဆုံးမှုရှိပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“နမခ ကနေ မအူဂိတ်ကို စစ်ခွေးတွေ သံပြားကာ ကား ၃ စီးနဲ့ ရောက်လာပြီးတော့ အဲဂိတ်ကနေ Faw ကား၊ ၁၂ ဘီးကားနဲ့ ပြန်ထွက်လာတာကို ကျနော်တို့က စွမ်းရည်ထက်ဂိတ်နှင့် မြေနဲဂိတ်အကြားမှာ အဝေးထိန်း ရှေ့ထွက်မိုင်းတွေနဲ့ တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေက ၅ ကောင်ကတော့ ထိခိုက်သေဆုံးမှုရှိတယ်။ ကျနော်တို့ တိုက်ခိုက်မှု ပြုလုပ်ပြီး အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်” ဟု မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော်တပ်ရင်း-၄၊ တပ်ခွဲ ၂ တပ်ခွဲမှူး ကိုဝိုင်ဖိုင်က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း-၄၊ တပ်ခွဲ ၂ ၊ 5/ Commando Force က ဦးဆောင်၍ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း-၄၊ တပ်ခွဲ ၄၊ 5/ Teacher Force နှင့် မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း -၂၈၊ တပ်ခွဲ ၃ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး ပြည်သူများ အနေဖြင့် မုံရွာ-မန္တလေး လမ်းပိုင်းတွင် စစ်တပ် ယာဉ်တန်းများနှင့် ကပ်မလိုက်ကြရန် မေတ္တာရပ်ခံထားသည်။

ဓာတ်ပုံ- တော်လှန်ရေးတပ်များက တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော စစ်ယာဉ်တန်း။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article