22 C
Yangon

မြို့သာ၊ ခင်ဦးနှင့် မုံရွာမြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးလာသော စစ်တပ်၊ ယာဉ်တန်း နှင့် တပ်စွဲထားသော နေရာများကို တိုက်ခိုက်မှု စစ်သား ၅ ဦသေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၃

မန္တလေးတိုင်း၊ မြို့သာမြို့နယ်အတွင်း စစ်ကြောင်းထိုးရန် ထွက်လာသော စစ်သားများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးပြီး ၁၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း Zin Yaw Ni Sniper packing Guerrilla forces မှ အဖွဲ့ခေါင်းဆောင် ကိုကျားသစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

နိုဝင်ဘာလ ၁၈ ရက်နေ့တွင် မြို့သာမြို့နယ်ရှိ ထနောင်းပင်ကျေးရွာကို စစ်ကြောင်းထိုးရန် ထွက်လာသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခဲ့ကြောင်းသိရှိရသည်။

ထို တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၅ ဦးသေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိကာ တော်လှန်ရေး တပ်ဖွဲ့ဝင် ၅ ဦးလည်း ကျဆုံးခဲ့ကြောင်း သိရသည်။

“စစ်ခွေး အင်အားက နှစ်ကြောင်းပေါင်း ၁၆၀ လောက်ရှိတယ်။ စစ်ခွေး ၅ ဦး သေဆုံးတယ်။ ထိခိုက်ဒဏ်ရာရတာ ၁၅ ဦးရှိတယ်။ စစ်ခွေး စစ်ကြောင်းက မြို့သာမြို့ပေါ်က ထွက်လာတဲ့ စစ်ခွေး စစ်ကြောင်းပါ။ လက်ရှိမှာ စစ်ခွေး စစ်ကြောင်းက ​မြို့သာ​မြို့သို့ ပြန်ဆုတ်သွားတယ်။ တော်လှန်ရေး ရဲဘော် ၅ ဦးကျဆုံးတယ်။ သေနက် ၂ လက်ပါသွားတယ်။ ရဲဘော် ၂ ဦးကိုတော့ စစ်ခွေးတွေက အရှင်မိတာ အဲတာ လမ်းပိုင်းတနေရာမှာ ပစ်သတ်သွားတယ်” ဟု Zin Yaw Ni Sniper packing Guerrilla forces မှ အဖွဲ့ခေါင်းဆောင် ကိုကျားသစ်က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Zin Yaw Ni လက်နက်ကြီးတပ်ဖွဲ့နှင့် အတူ TGYR ngazun ၊ STF ngazun အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မုံလှကျေးရွာအတွင်း ယာယီတပ်ထားသော စစ်တပ်ကိုလည်း ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ရေဦးမြို့နယ် က သတင်းထုတ်ပြန်ထားသည်။

ယနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် နံနက် ၁၀ နာရီခန့်တွင် ခင်ဦးမြို့နယ်၊ မုံလှကျေးရွာအတွင်း ယာယီတပ်စွဲထားသော အကြမ်းဖက် စစ်သားများနှင့် ပျူစောထီး အင်အား ၁၀၀ ခန့်ကို ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) လက်ရုံးတပ်က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုထိတွေ့တိုက်ပွဲသည် ၄၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိဘဲ စစ်တပ်ဘက်မှ စစ်ကူ စစ်ကြောင်းများ ရောက်ရှိလာသောကြောင့် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် အကြမ်းဖက် စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော်တပ်ရင်း ၄၊ တပ်ခွဲ ၂ တပ်ခွဲမှူး ကိုဝိုင်ဖိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်ခန့်တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ သံပြားကာ ကား ၁၁ စီးဖြင့် ထွက်လာသော စစ်သားများသည် မန္တလေး-မုံရွာ လမ်းပိုင်းရှိ မအူဂိတ်သို့ ဝင်ရောက်လာပြီးနောက် မုံရွာမြို့အထွက် ချောင်းဦး-မုံရွာလမ်းပိုင်းတွင် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်တပ်ဘက်မှ ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“စစ်ခွေး သေစာရင်းကတော့ အတိကျတော့ မရသေးဘူး။ နှစ်ကောင်တော့ လူနာတင်ကားပေါ် တင်သွားတယ်လို့ ဖြတ်သွားတဲ့ ပြည်သူက ပြောတယ်။ စစ်ခွေး ၂ ကောင်ကတော့ ထိခိုက်ဒဏ်ရာရတယ်လို့ပဲ သိရတယ်။ စစ်ခွေး သေဆုံးမှုအရေအတွက်ကို ကျွန်တော်တို့ ဆက်လက် စုံစမ်းဆဲပါ။. မုံရွာမြို့ အထွက် ချောင်းဦး မုံရွာ လမ်းပိုင်းမှာ တိုက်ခိုက်ခဲ့တာပါ။ နောက်ထပ် အောင်ပွဲတွေရအောင် ကူညီပေးကြဖို့ တော်လှန်မိဘပြည်သူတွေကို အသိပေးနှိုးဆော်ပါတယ်”ဟု မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော်တပ်ရင်း ၄၊ တပ်ခွဲ ၂ တပ်ခွဲမှူး ကိုဝိုင်ဖိုင်က ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း (၄) တပ်ခွဲ (၂) 5/ Commando Force ၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း (၄) တပ်ခွဲ (၄) 5/ Teacher Force ၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၂၈) တပ်ခွဲ (၃) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူများ အနေဖြင့် မုံရွာ-မန္တလေး လမ်းပိုင်းတွင် စစ်တပ် ယာဉ်တန်းများနှင့် ကပ်မလိုက်ကြရန် မေတ္တာရပ်ခံထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article