ရန်ကုန်၊ ဇူလိုင် ၄
ကရင်ပြည်နယ် ၊ မြ၀တီမြို့နယ်၊ ဥကရစ်ထတိုက်ပွဲတွင် သေဆုံးသွားကြသော စစ်ကောင်စီဘက်တော်သားများ၏ ရုပ်အလောင်းများကို ဒရုန်းဖြင့် ရိုက်ကူးထားသော ဓာတ်ပုံများကို ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်လိုက်သည်။
အဆိုပါ တိုက်ပွဲသည် ဇွန်လ ၂၆ ရက်နေ့မှ ဇူလိုင်လဆန်းပိုင်းအထိ ဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲအတွင်းတွင် စစ်ကောင်စီ၏ စက်သေနတ်ပစ်ခတ်သူ ၃ ဦးပါ သေဆုံးကြောင်း၊ VENOMစစ်ကြောင်းမှူးစောဝင်းမြင့်၏ စနိုက်ပါ လက်ချက်ဖြင့် တပ်ကြပ်ကြီးမြင့်လွင် သေဆုံးကြောင်း၊ စုစုပေါင်း စက်သေနတ်ပစ်ခတ်သူ စစ်သား ၃ ဦးသေဆုံးကြောင်း VENOM စစ်ကြောင်းက သတင်းထုတ်ပြန်သည်။
စက်သေနတ်ပစ်ခတ်သူ တပ်ကြပ်ကြီးမြင့်လွင်သည် ဘန်ကာထဲတွင် ပြေးလွှားရင်း စနိုက်ပါဖြင့် အပစ်ခံရပြီး သေဆုံးသော်လည်း စစ်တပ်ထောက်ခံသူများက ဥက္ကရစ်ထ သူရဲကောင်းဟု လည်းကောင်း၊ သေနတ်ကိုင်ရင်း သေဆုံးသွားသည်ဟုလည်းကောင်း စသည်ဖြင့် ဝါဒဖြန့် မှုများ လုပ်ဆောင်ကြောင်း သိရှိရသည်။
“ဒရမ်မာ ခင်းတာ အရမ်းများသွားပြီ။ အဲ့—က ဘန်ကာအဝင် မြောင်းထဲမှာ ပက်လက်ကြီး၊ တိတိကျကျ ပြောရရင်ကွာ မြေကြီးတွေတောင်ဖုံးနေပြီ။ ညာဘက်လက်က ကွေးကွေးလေးကွာ၊ ပါးစပ်လေး ဟ လို့။ ဆယ်မိနစ်လောက်ကြာမှ ဘန်ကာအထဲ ဆွဲသွင်းသွားတာကွာ”ဟု ကော်ဘရာစစ်ကြောင်းမှ PDF ရဲဘော်တစ်ဦးက ရေးသားထားသည်။

