29 C
Yangon

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဒုဝန်ကြီး သန့်စင်၊ ညွှန်ချုပ်နှင့်အရာရှိတချို့ကို ရာထူးမှ ဖယ်ရှားပြီး ဆီစျေးကစားမှု၊ ဆီခွဲတမ်းများ လာဘ်ယူ ချပေးမှုနှင့် ဆီမှောင်ခိုမှုများအတွက် ဖမ်းဆီး စစ် ဆေး အရေး ယူ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၆

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုဝန်ကြီး သန့်စင်၊ ညွှန်ချုပ်နှင့်အရာရှိတချို့ကို စစ်တပ်က ရာထူးမှ ဖယ်ရှားပြီး ဆီစျေးကစားမှု၊ ဆီခွဲတမ်းများ လာဘ်ယူ ချပေးမှုနှင့် ဆီမှောင်ခိုမှုများအတွက် ဖမ်းဆီးအရေးယူထားကြောင်း ဆီလုပ်ငန်းရှင်များထံမှ သိရှိရသည်။

နိုဝင်ဘာလ ၇ ရက်နေ့မှစတင်ပြီး စက်သုံးဆီ စျေးကစားမှု၊ ဆီခွဲတမ်းများ ချထားပေးရာတွင် လာဘ်ငွေယူ မျက်နှာသာပေး ချထားပေးမှု၊ ဆီလက်ကျန်စာရင်းဇယား မကိုက်ညီဘဲ မှောင်ခို ခိုးထုတ်မှုများဖြင့် စတင်ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း၊ နိုဝင်ဘာလ ၂၅ ရက်နေ့ တွင် စစ်တပ်က လျှပ်စစ်နှင့်စွမ်းအင် ဒုဝန်ကြီး သန့်စင်ကို တာဝန်မှ ရပ်စဲကြောင်း အမိန့် ထုတ်ပြန်လာကြောင်း သိရှိရသည်။

“ကျနော်တို့ သိထားတာ ပြုတ်တဲ့အထဲမှာ ညွှန်ချုပ်နဲ့ ညွှန်မှူးတွေလည်းပါတယ်။ ဒုဝန်ကြီးကတော့ ဦးဆောင်သူဖြစ်တော့ သူက ပိုခေါင်းခံရတာ။ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကော်မတီဝင်တွေလည်း အရေးယူခံရတယ်” ဟု ဆီလောကသားတစ်ဦးက ရှင်းပြသည်။

စက်သုံးဆီပိုင်ရှင်တစ်ဦးကလည်း ဖမ်းဆီးအရေးယူခံလိုက်ရသော စွမ်အင်းဒုဝန်ကြီး သန့်စင်က ဆီခွဲတမ်းများကို ချထားပေးရာတွင် ငွေပေးနိုင်သော BOC ကဲ့သို့သော ဆိုင်ကြီးများကို ခွဲတမ်းများ အဆမတန်ချထားပေးပြီး အခြားသော ဆိုင်များကို ခွဲတမ်းများ မညီမမျှ ချထားပေးခဲ့ကြောင်း။ ယင်းကဲ့သို့ လာဘ်ငွေယူ ဆီခွဲတမ်း မညီမျှမှုကြောင့် တိုင်ကြားမှုများ ဖြစ်ပေါ်လာကာ စုံစမ်းစစ်ဆေးမှုများ ပေါ်ပေါက်လာခဲ့ကြောင်း ရှင်းပြသည်။

“BOC ဆိုရင် မိတ်ဖက်တွေ အတင်းခေါ်ခိုင်းတာ။ ဆိုင်တွေကို ဘယ်လောက်ပေးမယ်။ ဆိုင်ဝန်ထမ်းတွေ မိတ်ဖက် ရှာနိုင်ရင် ဘယ်လောက်ပေးမယ် ဆိုပြီး ရှာခိုင်းတာ။ ကုမ္ပဏီကြီးတွေက ခွဲတမ်းပိုရအောင် လုပ်တော့ SME ဆိုင်တွေ အကုန်ထိတာ။ ဒီကောင်တွေက သူတို့ပဲ လုပ်စားနေရာတိုင်း သူတို့ကုမ္ပဏီကြီး ဆိုင်တွေ ဖြစ်ကုန်ပြီ။ SME တွေ မလုပ်နိုင်တော့ ပပျောက်လာပြီ။ ဥပမာ- မော်လမြိုင် ဆီပြတ်သွားတဲ့ကိစ္စဆိုရင် မော်လမြိုင်မှာ ရာဇာမင်း၊ မုဒုံမောင်မောင်ပေါ့။ သူတို့တွေ လက်ချက်တွေ။ အခုက အထက်ကလည်း ဖိရင် SME ဆိုင် တွေကို ဖိတာ။ BOC လို ကုမ္ပဏီကြီး၊ ဆိုင်ကြီးတွေဆိုရင် ဆီတွေကို ဘယ်နေရာပို့ပို့ ထောက်ခံစာတောင် မလိုဘူး။ ကုမ္ပဏီကြီးတွေရဲ့ ဆီဆိုင်တွေကိုလည်း။ ဖိအားပေးမခံရဘူး။ SME ဆီဆိုင်တွေမှာတော့ အကုန်အကျပ်ခံနေရတာ။ အခုက ကိုယ့်ငွေနဲ့ ဝယ်ရတဲ့ ဆီကိုတောင် အထိန်းချုပ် ခံနေရတာ။ ဆီခွဲတမ်းကလည်း ဂွင်ကြီးဖြစ်နေတာ။ အဲဒါတွေကြောင့် ဒုဝန်ကြီး သန့်စင်ပြုတ်တာ” ဟု ဆီဆိုင်လုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။

လျှပ်စစ်နှင့်စွမ်းအင် ဒုဝန်ကြီး သန့်စင်နှင့် အရာရှိများကို ရာထူးမှ ဖယ်ရှားပြီး အရေးယူသည့်ကိစ္စကို မင်းအောင်လှိုင်ကိုယ်တိုင် တိုက်ရိုက် ကိုင်တွယ်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article